.....
"ရမက်..ဒီနေ့ငါတို့ဆေးခန်းသွားရမယ်နော်"
"ဟမ်.."
"ဘာလို့လဲ ဒီနေ့မသွားလို့မရဘူးလား "
ရမက်တစ်ယောက်ပြသနာတက်ပြီဆိုပြီးညီးညူလိုက်ကာ ၊ ဒီနေ့ကတီချယ့်ရဲ့မင်္ဂလာပွဲနေ့လေ။
ငါသွားမှဖြစ်မှာ တီချယ့်ရဲ့ မင်္ဂလာပွဲကိုငါတက်ဖြစ်အောင်ကိုတက်ရမယ်။
ဒီအတွေးနဲ့အတူ ရမက်သည်တစ်ခုခုကိုစဥ်းစားမိသွားဟန်ဖြင့်။
"အေးလေ..သွားကြတာပေါ့"
ဆေးခန်းသွားမှာဖြစ်တဲ့အတွက်သူအလှတွေအရမ်းပြင်လို့တော့မရပါ ၊ ဒါပင်မယ့်လည်းမိတ်ကပ်အနည်းငယ်တော့ဖို့လိုက်ပြီး။
"ကျော်ကိုကိုအခုသွားကြမယ် "
"ဟဲ့ ..နေပါအုံးဟယ်ငါမုန့်လေးတော့စားပရစေ"
"အေးပြီးတာပဲ စားမယ်ဆိုလည်းမြန်မြန်စား
ငါတောင်စားလို့ပြီးပြီ""အေးအေး"
ရမက်လည်း ကျော်ကိုကို့ ၊အလာကိုဧည့်ခန်းကခုံတစ်ခုံမှာ သတင်းစာလေးဖတ်ရင်း ထိုင်စောင့်နေလိုက်တယ်။
ပြီးနောက်တော့ သတင်းစာထဲမယ်ပါလာတဲ့တီချယ့်ပုံလေးကို သူမလက်များဖြင့်ကိုင်သွယ်ရင်း။
"ဆရာမကသိပ်လှတာပဲ... "
သမီးအတွက်တော့ ဆရာမဟာနတ်သမီးလေးအမျှလှပသလို ၊ လပြည့်ဝန်းကြီးပမလာအေးချမ်းမူတွေလည်းအပြည့်ပေးတယ်။
ဆရာမလိုလူကို ပိုင်ဆိုင်ရတဲ့ ဟိုဦးလေးကြီးကိုလည်းအားကြတယ်။ သမီးဘဝကသမီးတောင်မပိုင်တဲ့အတွက်လည်း ဝမ်းနည်းရတယ်။
ရမက်တစ်ယောက် အတွေးထဲမြောပြီး မျက်ဝန်းမှလည်းမျက်ရည်များကြလာသည်ကိုမြင်သည့် ၊ ကျော်ကိုကိုကလည်း ရမက်၏လက်ထဲကသတင်းစာ ကိုလှမ်းကြည့်လိုက်ရာ။
"အော်..တီချယ်ခိုင်ကသူပြောတဲ့အတိုင်း သတင်းစာထဲကိုထည့်လိုက်တာပဲ"
ထိုသို့ရေရွတ်လိုက်ပြီး ရမက်ငိုနေတာကိုသူမသိချင်ယောင်ဆောင်ကာ။
YOU ARE READING
"မမျှော်လင့်သော..."(Complete)
Phi Hư Cấu" ချစ်မိပြီဆိုရင်..လူတိုင်းကပိုင်ဆိုင်ချင်ကြတာပဲမဟုတ်ပါလား .." " ဒါဆို ငါကရော..."