'........'
ရမက် ....မင်းဘာဖြစ်နေတာလဲကွာ ၊
မနေ့ကမင်းတစ်ခြားတစ်ယောက်နဲ့အပြင်သွားခဲ့ရင်တောင်မှတို့ ဘာမှမပြောပါဘူး။
တို့ကမင်းမျက်နှာနဲ့မင်းနောက်ကိုလိုက်လာခဲ့တာလေ အခုလိုမျိုးမင်းဘက်ကဆက်ဆံနေရင်တို့ဘယ်လိုနေရမလဲမင်းအနားမှာမျက်နှာပြောင်ပြီးနေနေရမှာလား။
ခိုင်တစ်ယောက် ၀မ်းနည်းစိတ်ဒေါသစိတ်တို့ကြောင့်အပြင်ထွက်ဖို့ပြင်နေတဲ့ရမက်ကိုသူမေးလိုက်တော့သည် ၊ ညက ကိစ္စကိုသူဒီလောက်ဒေါသမထွက်ပါ။
ဟိုကောင်လေးကရမက်ကိုအခန်းထဲထိလိုက် ပို့ပေးပြီးပြန်သွားတာမြင်တော့ သူလည်းအ၀တ်စားလဲပြီးတော့အခန်းထဲသို့၀င်ခဲ့လိုက် သည်။ သူအခန်းထဲကို၀င်လာတာရမက်ကမြင်တော့။
တံခါးဘက်ကိုကြည့်နေရာကနေသူ၀င်လာတော့မှ တစ်ဖက်ကိုလည့်ပြီး သူ့ကိုကျော
ပေးပြီးအိပ်တဲ့ရမက်ကိုမြင်တော့ရင်ထဲမှာ ၀မ်းနည်းစိတ််တို့တစ်စို့ပြီး သူ့အရှေ့တွင်လည်းမငိုချင်တာကြောင့် အိမ်ရှေ့ကိုထွက်လာပြီး ၊ အတော်တန်ကြာတဲ့ထိငိုလိုက်ကာ စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှသာအခန်းထဲသို့ပြန်၀င်လာလိုက်သည်။အရင်ကဆိုမအိပ်ခင်အနမ်းပေးတက်တဲ့ရမက်ဟာအခုတွင်တော့ ခိုင့်ကိုကြောပေးပြီးအိပ်နေလေရဲ့ ၊
ခိုင်လည်း ရမက်ကိုနှောက်ရှက်သလိုဖြစ်မှာဆိုးသောကြောင့် သူမသိအောင်သူရဲ့ကျောပြင်ကိုဖွဖွလေးနမ်းလိုက်ပြီး။
ဒီညတော့အိမ်မက်မလှတော့ဘူးထင်ပါရဲ့ကွယ် ...ရမက် "
ခိုင်ဟာထိုစကားပြောပြီးသည်နှင့် အိပ်ပျော်သွားခဲ့တော့သည်။
ထိုချိန်သူနဲ့ထပ်တူငိုနေတဲ့လူတစ်ယောက်ရှိမယ်ဆိုတာသူမသိခဲ့မယ်မထင် ၊
ခိုင်နိုးလာခဲ့သည် ညကငိုမိတာကြောင့်ထင်တယ် အတော်လေးအိပ်ပျော်သွားခဲ့လေရာ
ခိုင်နိုးနိုးချင်းကြားနေရတဲ့ရီသံတစ်ချို့ကြောင့် အသံလာရာဘက်သို့နားစွင့်လိုက်သည်။
မျက်စိကအနည်းငယ်နာနေတာကြောင့် ၊ မျက်လုံးကိုမှိတ်ပြီးနားဖြင့်နားထောင်နေရာ။
YOU ARE READING
"မမျှော်လင့်သော..."(Complete)
Não Ficção" ချစ်မိပြီဆိုရင်..လူတိုင်းကပိုင်ဆိုင်ချင်ကြတာပဲမဟုတ်ပါလား .." " ဒါဆို ငါကရော..."