အပိုင်း ၃
ရမက် ကျောင်းကပြန်လာတော့မေမေကပုံမှန်မုန့်ဆိုင်လေးမှာပဲထိုင်ပြီးမုန့်ရောင်းနေတာကို မြင်တော့ ရမက် ရင်ထဲမကောင်းဘူး ၊ငါပိုကြိုးစားပြီး မေမေ့ကိုပြန်လုပ်ကျွေးပြုစုရမယ်။
ရမက် မှာအိမ်မက်တစ်ခုရှိသည် ထိုအိမ်မက်က ၊ ရမက် ရဲ့မေမေ ရမက် ကြောင့်ပျော်ရွှင်စွာပြုံးပျော်နေတာကိုပင်။
တစ်ကယ်တမ်းကြ လွယ်တော့မလွယ်ပါဘူး ရမက် လည်းပိုကြိုးစားမှာပါ။
"ဘယ်တော့မှ ဇွဲမရှော့ဘူး "
"သမီးလေး..."
ပြန်လာပြီလားကွဲ့ "
ဟုတ် ပြန်လာပါပြီမေမေ
ပထမဆုံးကျောင်းတက်ရက်မှာအဆင်ပြေရဲ့လား သမီး"
ပြေပါတယ်မေမေရဲ့ သမီးတို့ဆရာမကလည်း..သဘောအရမ်းကောင်းတာမေမေ။
အခုလိုကြားရတော့မေမေဝမ်းသာတယ် ၊ ဒါနဲ့သမီး ကျူရှင်တက်ဖို့ရောဘယ်လိုစီစဥ်ထားသလဲ။
ဘယ်ဆရာမက ကျူရှင်ဖွင့်သလဲသမီး
ကျူရှင်ကလေ..သမီးမတက်ချင်ဘူးမေမေ
ဘယ်လို..မတက်လို့မရဘူးလေသမီးရယ်။
မေမေ့ကိုငဲ့မနေပါနဲ့သမီးတက်လမ်းကိုပဲ ဂရုစိုက်ပါသမီးရယ်။
ဒေါ် သီတာရဲ့ ရင်ထဲ စိုးရိမ်စိတ်တွေဝင်လာမိသည်။ သူ့သမီးကသူ့ကိုငဲ့ခါ ကျူရှင်မတက်မှန်းသိနေတာကြောင့် သမီးဖြစ်သူအပေါ် သနားစိတ်ဝင်မိသည်။
သမီးလေးရယ်..အာ့လိုတော့မလုပ်ပါနဲ့နော် ကျူရှင်လခကတော့မေမေရှာနိုင်ပါတယ် ၊ သမီးရဲ့။
မဟုတ်ဘူးမေမေ သမီးကိုက ကျူရှင်မတက်ချင်တာ မေမေဘာမှစိတ်မပူပါနဲ့နော် သမီး စာပိုကျက်လိုက်ပါ့မယ်။
သမီးလည်းခလေးမှမဟုတ်တာ ၊ ဒီလောက်ကတော့ရပါတယ်မေမေရဲ့။
မေမေကသမီးကိုအထင်သေးနေတာလား
"မသေးပါဘူးကွယ် သမီးရယ်"
သမီးလေးအဆင်ပြေတယ်ဆိုရင်ပဲ
မေမေကဝမ်းသာနေပါပြီ။
မိဘပေါ်သိတက်တဲ့သမီးလေး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းနှင့်ပြည့်စုံပါစေကွယ်။
YOU ARE READING
"မမျှော်လင့်သော..."(Complete)
Non-Fiction" ချစ်မိပြီဆိုရင်..လူတိုင်းကပိုင်ဆိုင်ချင်ကြတာပဲမဟုတ်ပါလား .." " ဒါဆို ငါကရော..."