ကြီးကျယ်ခန်းနားလှတဲ့အပြင်ဆင်တွေ ကြီး ကျယ်လှတဲ့ခန်းမကြီးတစ်ခုအတွင်းမှာ ပြည့်နှက်နေတဲ့လူတွေနဲ့အတူ နေရာတိုင်းမှာလည်းပန်းတွေနဲ့ပြည့်နေပြီး ၊ ထိုင်ခုံတွေစားပွဲဝိုင်းတွေဆိုတာလည်း ခန်းမကြီးထဲတွင်အပြည့်။
ထို...ထဲမှာမှထင်ရှားလွန်းတဲ့ အမည်နှစ်ခု
မောင် ကိုမင်းကိုဇင်
နှင့်
မ ခိုင်ရွှေဇင်မြင့်တို့ ၏ မင်္ဂလာဧည့်ခံပွဲ။
ထိုနမည်တွေဟာ ကြီးကျယ်လှတဲ့ခန်းမကြီးအလယ်မှာထင်ထင်ရှားရှားရှိနေပြီး ၊တစ်နေရာမှာ ဆိုရင်လည်း သတို့သမီးလုပ်ရမဲ့ ခိုင်ဟာဆိုရင် မိူင်တိုင်တိုင်လေးဖြင့်သာ။
"သမီး... ပြင်ဆင်လို့ပြီးပြီလားကွဲ့ "
မာမီက ခိုင့်အခန်းထဲသို့ဝင်လာရင်းမေးလိုက်ချင်းဖြစ်တယ်။
" ပြင်ဆင်လို့ကပြီးပါပြီ မာမီ ဒါပင်မယ့် မင်္ဂလာအချိန်ကိုစောင့်နေတာပါ"
ခိုင်ဟာ ထုံးဖွဲ့ထားတဲ့သူမရဲ့ ဆံနွယ်တွေကိုကိုင်ရင်း ပြောလိုက်တယ်ဆိုရင်ပဲ။
"သမီး... မိဘတွေအတင်းကြပ်လုပ်လို့လက်ထပ်လိုက်ရတဲ့ပွဲ မှမဟုတ်ဘဲကွယ် ၊ မျက်နှာလေးတော့ ပြုံးထားမှပေါ့"
မာမီ ဟာခိုင့်ရဲ့ ပုံစံကို မှန်ထဲကနေတဆင့်မြင်ရတယ်ထင်ပ့ ၊ ခိုင့်ရဲ့ရင်ထဲကဒဏ်ရာကိုရောမာမီမြင်ရပ့မလား။
ဒါကိုတော့ ခိုင့်ရင်ထဲမှာပဲ သိမ်းထားလိုက်ပြီး။
"အင်းပါ.... သမီးပြုံးထားပ့မယ်"
ခိုင်ဟာ သူမရဲ့ပါးချိုင့်လေးတွေ ပါးထဲနစ်ဝင်သွားတဲ့ထိပြုံးလိုက်ကာ ၊ သူမ၏ မိခင်ကိုကြည့်လိုက်ပြီး။
" မာမီ...ကိုမင်းရောပြင်ဆင်လို့ ပြီးပြီလား ဒယ်ဒီကရောဟင် "
မာမီနဲ့အတူ ဒယ်ဒီ့ကိုမတွေ့သောကြောင့် မေးကြည့်လိုက်ရာ။
"သမီးဒယ်ဒီက မောင်မင်းကိုဆီမှာကွဲ့ မှာစရာရှိတယ်ဆိုပြီး နေခဲ့တယ်"
![](https://img.wattpad.com/cover/357178788-288-k402217.jpg)
YOU ARE READING
"မမျှော်လင့်သော..."(Complete)
Non-Fiction" ချစ်မိပြီဆိုရင်..လူတိုင်းကပိုင်ဆိုင်ချင်ကြတာပဲမဟုတ်ပါလား .." " ဒါဆို ငါကရော..."