......,
ခြောက်နှစ်ခန့်ကြာသောအခါ.....
"သမီး... ဂျူးရေ ထမင်းစားတော့မယ်လေ "
"အိမ်ထဲ ပြန်မဝင်သေးဘူးလား"
ခြံအကျယ်ကြီးထဲတွင် ခွေးပေါက်စလေးတွေနဲ့အတူဆော့ကစားနေတဲ့ ၃နှစ်အရွယ်သာရှိသေးသည့် သမီးဖြစ်သူ ဂျူးသစ္စာလင်းကြောင့် သူမအိမ်ထဲကနေကြည့်ပြီးပြုံးလိုက်ကာ။
သူမနူတ်ကနေလည်း..
"သမီးလေးကမင်းနဲ့တစ်ကယ်တူတယ် ရမက်"
ခိုင်တို့တွေ ရမက် ၏ အိတ်ဂူကနေပြန်လာအပြီး၊ သူမတို့တွေ အိမ်ကြီးဆီသို့ပြန်လာခဲ့တယ် ပြန်လာပြီး သိပ်မကြာပါဘူး ကို မင်း၏မိခင်ဆုံးသွားခဲ့သည်။
ဒါကြောင့် ကိုမင်းဟာလည်းအထူးဝမ်းနည်းနေတာကြောင့် ခိုင့်ကိုတောင်စကားသိပ်မပြောတော့ပါ ဒါကြောင့် ၊ အခုခိုင်တို့နေတဲ့အိမ်အသစ်မှာပဲ ဆက်နေနေရင် ၊ သူတို့နှစ်ယောက်အခြေနေဟာသူစိမ်းထပ် ပိုစိမ်းသွားလာမှာဆိုးသဖြင့်။
ခိုင့်မိဘအိမ်မှာအတူပြောင်းနေခဲ့ကြရင်း အချိန်တစ်ခုအကြာမှာ ၊ မာမီတို့ကလည်းအသက်ကြီးလာတာနဲ့အမျှ မြည်းလေးတစ်ယောက်ချီချင်တယ်ဟု ပြောသဖြင့်။
ခိုင်နဲ့ ကိုမင်းတို့တိုင်ပင်ပြီး အချိန်ကာလ၃နှစ်ကြာမှသာ သမီးဦးလေးတစ်ယောက်ကိုမွေးနိုင်ခဲ့ချင်းဖြစ်တယ်။
နောက်ထပ်လည်း ခလေးမွေးဖို့အစီစဥ်မရှိတာကြောင့် တစ်မျိုးလုံးဟာ သမီးလေးကိုသဲသဲလူပ်ချစ်ကြသည်။ ထိုထဲတွင် ကျော်ကိုကိုတို့လည်းပါသည်။
ရမက်ကိစ္စနဲ့ပက်သက်ပြီးခင်မင်ရင်းနီးရာကနေအခုဆိုရင် မိသားစုလိုတောင်ဖြစ်လို့နေပြီ။
အခုသမီးလေးနဲ့အတူဆော့နေတဲ့ခွေးလေးဟာ လည်း ကျော်ကိုကိုဝယ်ပေးထားတာပင်။
ခိုင်တစ်ယောက် ပုပုသေးသေးလုံးလုံးလေးနဲ့သူ့ဆီသို့ပြေးလာတဲ့ သမီးဖြစ်သူကြောင့် သူမရဲ့လက်များကိုဆန့်တန်းလိုက်ကာ။
"လာပါအုံး မေမေ့သမီးလေး.. "
"ဟုတ်လာပါပြီ.. ဆရာမ"
![](https://img.wattpad.com/cover/357178788-288-k402217.jpg)
YOU ARE READING
"မမျှော်လင့်သော..."(Complete)
Non-Fiction" ချစ်မိပြီဆိုရင်..လူတိုင်းကပိုင်ဆိုင်ချင်ကြတာပဲမဟုတ်ပါလား .." " ဒါဆို ငါကရော..."