အပိုင်း (၁၃)

539 31 6
                                    

.......



"ရမက် ...နင်တောင်းတဲ့အကူညီငါမပေးနိုင်ဘူး နင့်ဟာကဖြစ်မှမဖြစ်နိုင်တာ "

"တီချယ်ခိုင့်ကိုပြောပြလိုက်ရင်သူလည်းဂရုစိုက်ရင်းနင့်ကိုချစ်ပေးမှာပဲလေ။ "

ကျော်ကိုကိုတစ်ယောက် ရမက်ကိုသနားလွန်းသဖြင့် ဒေါသထွက်လေရာ။

"ကိုကို..."

ရမက်ဆီကနေထွက်လာတဲ့ကိုကိုဆိုတဲ့အသံကြောင့်ကျော်ကိုကို အံ့အောမှင်သက်သွားမိသည်။

"နင်..ငါ့ကိုညီမတစ်ယောက်လိုချစ်မှန်းငါသိတယ်။ နင့်ညီမဖြစ်သူကအကူညီတောင်းနေတာကို နင်မဖြည့်စည်း​ပေးချင်ဘူးလား"

ရမက်သူ ကျော်ကိုကိုနဲ့ပေါင်းလာသည်မှာ နှစ်ချို့နေပြီဖြစ်တဲ့အတွက်သူ့အကျင့်သူ့စရိုက်အကုန်လုံးကို သိနေသူဖြစ်သည်နှင့်

သူသာအသနားခံလိုက်ရင်ကျော်ကိုကိုလက်ခံမည်ကိုသူသိသည်။

ဒုန်း...!!

ကျော်ကိုကိုလည်းဘာဆက်လုပ်ရမလဲစဥ်းစားရင်းခေါင်းရူပ်လာသဖြင့် အနားရှိနံရံကိုတစ်ချက်ထိုးလိုက်ကာ။ သွေးတွေပါထွက်လာတော့တယ်။

"နင်ကောင်းဖို့ဆိုငါအကုန်ခွင့်ပြုမှာပေါ့ရမက်ရာ အခုတော့ နင်တောင်းဆိုတာကနင်ပဲခံစားရမဲ့ကိစ္စလေ "

"ငါဘယ်လိုစိတ်နဲ့လက်ခံပေးရမလဲ "

"ဒါတွေနင်စဥ်းစားပေးဖို့မလိုဘူး သူစိမ်းကသူစိမ်းလိုနေ ငါ့ကိုခင်တယ်ဆိုကူညီ နင်မကူညီရင်ငါတစ်ခြားတစ်ယောက်ငှားလိုက်မယ်"

ဘာ..!!

ရမက်....!

ကျော်ကိုကိုဟာ ရမက်အနားသို့ရောက်လာပြီး ရမက်ပါးကိုရိုက်ဖို့ရွယ်လိုက်ပင်မယ့်။

ရမက်ရဲ့အလန့်တကြားမှတ်စိမှိတ်လိုက်တဲ့ပုံကြောင့် သူ့လက်များဟာရပ်တန့်သွားပြီး။

"ငါကူညီပါ့မယ် ၊ ဒါပင်မယ့်ကတိတစ်ခုတော့ပေး"

"ဘာကတိလဲ.. "

"ငါကူညီနေပေးနေတဲ့ကာလအတွင်း နင်ဆေးကုပါ့မယ်လို့ငါ့ကိုကတိပေး"

"မမျှော်လင့်သော..."(Complete)Where stories live. Discover now