463 10 3
                                    

ကောင်းကောင်း ဟိုနှစ်ကောင်နဲ့ ဂိမ်းပြိုင်ဆော့တာရှုံးတယ်။ ဒါကြောင့် လောင်းကစားလုပ်ထားတဲ့အတိုင်း သူတို့ခိုင်းတာကို လုပ်ပေးရမည်။

ဂိမ်းဆော့တိုင်း ရှုံးတဲ့သူက နိုင်တဲ့သူခိုင်းတာကို လုပ်နေကျဖြစ်သောကြောင့် ကောင်းကောင်းအတွက်တော့ သိပ်မဆန်းတော့။

ဒီတစ်ကြိမ်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ အငတ်နှစ်ကောင်ကတော့ အမြဲတမ်း မုန့်ဝယ်ကျွေးခိုင်းတာများ၏။ ကောင်းကောင်းမှာလည်း ပိုက်ဆံအလုံအလောက်ပါသောကြောင့် အငတ်နှစ်ကောင်ကို ကျွေးမွေးရန် ကိစ္စမရှိ။

အိပ်ရာပေါ်၌ ခြေကားလျားလက်ကားလျားဖြင့် လှည့်ပတ်လှိမ့်နေသည်မှာ စက်ဝိုင်းပုံစံကဲ့သို့ပင်။
ပျင်းကြောဆန့်ထုတ်လိုက်ရင်း ဟိုနှစ်ကောင်ပြန်အလာကို ဖုန်းကြည့်ရင်း စောင့်နေလိုက်သည်။

ကောင်းကောင်း အမွှာနှစ်ယောက်အိမ်သို့ ရောက်နေခြင်းဖြစ်သော်လည်း၊ သူစိမ်းအိမ်ဟုဆိုနိုင်သော်လည်း ကိုယ့်အိမ်ကိုယ့်ယာလိုပင်။

ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာသည့် ထိုနှစ်ကောင်နဲ့သာမက တက္ကသိုလ်ကျောင်းသူဖြစ်သူ မမငယ်နှင့်ပါ အရမ်းရင်းနှီးသည်။ ဘယ်လောက်ရင်းနှီးသလဲဆို မမငယ်ဈေးဝယ်ထွက်တိုင်း သူတို့သုံးကောင် တစ်ကောက်ကောက်လိုက်တတ်သည်။ အကောင်းလိုက်ခြင်းမဟုတ် သူတို့သုံးကောင်စားသမျှ ရှင်းခိုင်းဖို့ပင်။ မမငယ်ကလည်း မငြိုငြင်ပါ။ အငယ်‌တွေတောင်းဆိုသမျှ အကုန်ဝယ်ပေး၏။

တစ်ဦးတည်းသောသားဖြစ်တဲ့ ကောင်းကောင်းက ဟိုနှစ်ကောင်ရဲ့အစ်မဖြစ်သူ မမငယ်ကိုတော့ ချစ်ပါတယ်။

ခဏအကြာ၌ အမွှာနှစ်ကောင်ဝင်လာသည်။

"မင်းတို့ကလည်း ကြာလိုက်တာကွာ၊ ဘာတွေအဲ့လောက်လုပ်နေကြတာလဲ"

စပ်ဖြဲဖြဲဖြစ်နေတဲ့ ထိုနှစ်ကောင်ကို ကောင်းကောင်းဂျိုကြည့်ကြည့်လိုက်သည်။ အိပ်ရာပေါ်ကထကာ သေချာကြည့်လိုက်တော့ နှစ်ယောက်စလုံးရဲ့ လက်နောက်ထဲမှာ တစ်ခုခုကိုဖွက်၍ ယူလာကြတာကို သိလိုက်သည်။

Pad ဖူးစာWhere stories live. Discover now