108 10 0
                                    

What was the reason?
What was the reason?
What was the reason?

ကောင်းကောင်း Cardi Bရဲ့ meme ကြီးကို ပြေးမြင်မိတယ်။

လစဉ်ဆုံးပစ္စည်းကို အိတ်အကြည်နဲ့ ကိုယ်ချင်ရတာလဲ။ ဘာလို့လဲ ဘာလို့လဲလို့။ မရှက်ဘူးလားလို့။ သူမရှက်ပေမဲ့ ကောင်းကောင်းမျက်နှာမှာ ရှက်လွန်းလို့ ခရမ်းချဉ်သီးမှည့်တစ်လုံးလိုပင် ရှုံ့မဲ့နေတော့သည်။

"ဘာဖြစ်လို့လဲ၊ သူများတွေကြည့်မှာကို ရှက်လို့လား"

ရှက်တာပေါ့လို့။ ‌ယောက်ျားလေးပုံစံနဲ့ကိုင်တာက ကိစ္စမရှိဘူး။ အများအမြင်မှာ ဒီကောင်လေးက အရမ်း gentleman ဖြစ်တာပဲလို့ မြင်မှာ။ ကောင်မလေးကို အတော်ချစ်ရှာတာပဲဆိုတဲ့ လေးစားတဲ့မျက်လုံးတွေနဲ့ အကြည့်ခံရမှာ။

မိန်းကလေးတစ်ယောက်များ အဲ့လိုပစ္စည်းတွေ ကိုင်ထားရင်တော့ "ဟယ် ကောင်မလေး မရှက်ဘူးလား၊ ကိုယ်အပျိုဖြစ်ပြီဆိုတာကို ‌ယောက်ျားတွေကို လိုက်ကြေညာချင်နေတာလား" ဆိုတဲ့ ဝေဖန် မျက်လုံးတွေနဲ့ အကြည့်ခံရမှာ။

ဘာလို့ဆို မြန်မာနိုင်ငံမှာ နေလို့ပဲပေါ့။ လစဉ်ဆုံးပစ္စည်းဝယ်တာနဲ့ လူကြားထဲ မြင်အောင်ပြမိသွားရင်ကို ကြောင်တောင်တောင် မေးခွန်းတွေကို ခေါင်းငုံ့ဖြေနေရလိမ့်မယ်။

တစ်ကိုယ်ရေသုံးပစ္စည်းဝယ်တာတောင် ရှက်တတ်အောင် ဝိုင်းပြောကြတဲ့ မြန်မာနိုင်ငံမှာ ကွန်ဒုံးများသွားဝယ်ရင် ဘယ်လောက်တောင် အထင်သေးတဲ့ မျက်လုံးနဲ့အကြည့်ခံရမှာပါလိမ့်။

ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ မဖြစ်သင့်တာတွေ ဖြစ်လာကြတာပဲမဟုတ်ဘူးလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတတ်စမ်းကြပြီးရင် မထင်မှတ်ထားတာတွေဖြစ်ကြ။ လူကြီးတွေမသိအောင် ဖျက်ချကြနဲ့။

နောက်ဆုံးမှာ သားအိမ်ရှိတဲ့ မိန်းကလေးတွေပဲ အသက်ဆုံးရှုံးရတဲ့အထိ နောက်ဆုံးအခြေအနေဖြစ်ကြတာပဲ။

မိန်းက‌လေးဟန်ဆောင်ထားတဲ့ ကောင်းကောင်းတောင် မကိုင်ရဲဘဲ ရှက်နေတာ ရှေးရိုးစွဲတဲ့ တကယ့်မိန်းကလေးတွေဆို ဘယ်လိုတောင်အရှက်သဲကြမလဲ။

Pad ဖူးစာWhere stories live. Discover now