115 13 0
                                    


"ဒါနဲ့ အစ်ကို့ နာမည်က"
ဟမ်ဘာကာကို တစ်ကိုက်ကိုက်လိုက်ရင်း အရမ်းသိချင်နေတဲ့ မေးခွန်းကို မေးလိုက်တယ်။

"သူရနိုင်ပါ ဟားဟား ဆောရီး အဲ ညီမလေးနာမည်ကရော"

ဟ နာမည်လေးမေးမိတာကို ရိုးရိုးလေး ပြန်ဖြေရင် ရပါတယ်ကွ။ ဘာလို့ အဲ့လောက်ထိ ရယ်နေရတာလဲ။ နာမည်လေးမေးတာကို ဘာတွေများ ဟာသပါနေလို့လဲကွ။ လူကို မရိုးမရွဖြစ်အောင်၊ စိတ်တိုအောင် သိပ်လုပ်တတ်တယ်နော်။

ရုပ်တည်ကြီးဆိုတော့ ထင်မထားဘူး။ ရင့်ကျက်မယ်ထင်ထားတာ။ ဘယ့်နှယ် ကောင်မလေးတစ်ယောက်ကို ဟားတိုက်ရတယ်လို့။ ဘယ်လိုများ သွန်သင်ဆုံးမခံထားရပါလိမ့်နော်။

"ဘာလို့ရယ်တာလဲ၊ ငါပြောတဲ့အထဲ ဟာသပါလို့လား"
ကောင်းကောင်း ဒေါသကို လာမဆွနဲ့ ပြန်ဆော်ထည့်လိုက်မယ်မှတ်။ ဒေါသထွက်ရင် အကြီးဖြစ်ဖြစ် ဘာဖြစ်ဖြစ် မသိတော့ဘူး။ ပြန်ပြောမှာပဲ။ ရိုင်းတယ်လို့ပြောရင်လည်း ခံလိုက်မယ်။ ရိုင်းတယ်ထင်ရင် ကောင်းကောင်းနဲ့ လာကိုမပေါင်းနဲ့ ဟုတ်ပြီလား။

"အဲ ဆောရီး ဆောရီး တကယ်တောင်းပန်ပါတယ်နော်၊ ညီမပြောတာကို ရယ်တာမဟုတ်ပါဘူး၊ အစ်ကိုနဲ့ ညီမလေးနဲ့က စကားပြောဖြစ်တာလည်းကြာပြီ၊ အခုလည်း တွေ့တွေ့ချင်း အရင်မိတ်မဆက်ကြဘဲ ဂိမ်းကို ဝအောင်ဆော့ပြီးတော့မှ နာမည်မေးဖို့ နှစ်ယောက်လုံးအခုမှ သတိရကြတာကို သဘောကျမိလို့ ရယ်မိတာပါ"

အခုမှ လေပြေလာထိုးမနေနဲ့။ ဟွန့်

"အလျှောက်ကောင်း အထောင်းသက်သာသွားတယ်မှတ်၊ ရွဲ့ပြီး ရယ်တာမဟုတ်ရင် ပြီးတာပါပဲ၊ စောနက ရိုင်းသလိုဖြစ်သွားရင် တောင်းပန်ပါတယ်"

တောင်းပန်ရမယ်လေ။ ကောင်းကောင်းက manner ရှိတယ်။ မိကောင်းဖခင်သားသမီးပါကွ။ အမေ့ဆီကနေ ကောင်းကောင်းမွန်မွန် သွန်သင်ခံထားရတယ်လေ။ မရိုင်းစိုင်းဘူး။

"မဟုတ်တာ ရပါတယ်၊ ကဲကဲ ဘာစားဦးမလဲ"

"တော်ပြီ၊ shopping mall ထဲသွားကြည့်ရအောင်လေ"

Capital shopping mall သည် Ocean, Diamond တို့လောက် ပစ္စည်းသိပ်မစုံ‌ပေမဲ့ လျှောက်ပတ်ကြည့်လို့တော့ ကောင်းပါသည်။

Pad ဖူးစာWhere stories live. Discover now