၁၀

112 9 0
                                    

သူဟာ အခြားယောက်ျားတစ်ယောက်ရဲ့ နှစ်သက်သဘောကျခြင်းကို ခံခဲ့ရမှုအပေါ်  စွဲလန်းသွားခဲ့ခြင်းပင်။ ထိုတစ်ခုတည်းကြောင့်ပဲမဟုတ်။ တစ်ဖက်ယောက်ျားတစ်ယောက်ရဲ့ အများအပေါ် နူးညံ့ရိုင်းပင်းတတ်တဲ့ စိတ်နှလုံးသားနဲ့ သူ့ပညာရပ်နဲ့သူ ထူးချွန်ထက်မြက်တဲ့ ဉာဏ်ပညာအပေါ်လည်း တိမ်းညွှတ်မိတယ်။

ထိုသူဟာ ကိုယ့်ကိုယ့်ကိုယ် ဘာလိုချင်မှန်းသိတယ်။ ဘာဖြစ်ချင်မှန်းသိတယ်။ အမြဲတမ်း သူတစ်ပါးအတွက် တွေးတောပေးတတ်တဲ့ စိတ်ဝိဉာဉ်တစ်ခုဟာ သူ့ဘဝတစ်လျှောက် တွေ့ဖူးသမျှထဲတွင် အတောက်ပဆုံးအရာပဲ။

ပညာရှိသော်လည်း မာန်မာနထောင်လွှားခြင်းမရှိ။ လူတိုင်းအပေါ် ဖော်ဖော်ရွေရွေဆက်ဆံတတ်ပုံသည် တစ်ဦးတည်းသီးသန့်နေတတ်သည့် ကောင်းကောင်းအတွက်တော့ အလွန်ကို ဆွဲဆောင်မှုရှိသည့် ကိုယ်ရည်ကိုယ်သွေးတစ်ခုပင်။ ကောင်းကောင်းတို့တွေ့ဆုံခဲ့ ဆက်သွယ်ခဲ့ရသည့် အတောအတွင်းတွင် သူဆီက အများကြီးသင်ယူခဲ့ရ၏။ ‌အထူးသဖြင့် သူ၏ ကောင်းမွန်သောပေါင်းသင်းဆက်ဆံရေးနဲ့ ဖော်ရွေသောအပြောအဆိုအနေအထိုင်များပင်။

ကောင်းကောင်းစိတ်ဓာတ်ကျနေသည့် အချိန်များတွင်လည်း အဝေးကနေတောင် အားပေးနိုင်ခဲ့သည်။ ကုစားပေးနိုင်သည်။ ကောင်းကောင်းဟာ ထိုသူ့ဆီကနေ ကောင်းမွန်မှုအများကြီးကို ရရှိနိုင်ခဲ့သော်လည်း ကောင်းကောင်းသည် ထိုလူ့အား ပြန်ပေးနိုင်ခဲ့သည်မှာ ကောင်းတာမယ်မယ်ရရမရှိသည့်အပြင် ထိုသူ့အား နောင်တရစိတ်ပျက်စေနိုင်သည့် ကြီးမား၍ ဆိုးရွားယုတ်ညံ့သော လိမ်လည်မှုတစ်ခုပင်။

ကောင်းကောင်း မျက်စိရှေ့မှောက်တွင်ရှိနေသော ရွှေဆိုင်းများကပ်ထားမှု‌ကြောင့် ဝါဝင်းလင်းလက်နေသည့် ကြည်ညိုစရာကောင်းသော ဘုရားကြီး၏ မျက်နှာတော်သည် လာသမျှလူတိုင်း၏ အပူမီးများကို မေတ္တာရေအေးချမ်းဖြင့် ငြိမ်းသက်နေသယောင်။ တပည့်တော်ရဲ့ ရင်တွင်းအပူမီးများကိုလည်း ငြိမ်းသက်ပေးပါဦး။ အရှင်ဘုရား။

ဦးသုံးကြိမ်ချပြီးနောက် မြတ်စွာဘုရား၏ မေတ္တာဖြင့်ပြုံးနေသည့် မျက်နှာတော်ကိုသာ ထိုင်ကြည့်မိနေသည်။

Pad ဖူးစာWhere stories live. Discover now