174 12 3
                                    

တစ်လကြာပြီးနောက်

ကောင်းကောင်းရဲ့ messenger အကောင့်အသစ်ထဲကို တောင်ခနဲ noti တက်လာတယ်။

ငါ့ရဲ့ မိန်းကလေးပုံစံနဲ့ profile တင်ထားခဲ့တဲ့ အကောင့်အသစ်ကြီးကနေကွ။

ဖြူဖြူဖွေးဖွေး တရုတ်မလေးတစ်ယောက်ရဲ့ပုံကိုမြင်ပြီး ခင်မင်ရင်းနှီးချင်တဲ့ အစ်ကိုကြီးတွေ လာဟိုင်းကြပြီလား။ အပေါ်ယံလှတာလေးပဲ ကြည့်ပြီး လာငမ်းကြရင်တော့ မင်းတို့မှားသွားမယ်နော်။ ငါ့ဆီမှာလည်း မင်းတို့လိုပဲ အီကြာကွေးရှိတယ်ကွ။

လွန်ခဲ့တဲ့ တစ်လက ဒီလိုအချိန်မှာပဲ သကောင့်သားနှစ်ယောက်ရဲ့ ကောင်းမှုနဲ့ စတိုးဆိုင်ကို မိန်းကလေးပုံစံဝတ်ပြီး pad သွားဝယ်ခဲ့တယ်လေ။ အိမ်ပြန်ရောက်တော့ ကောင်းမှာ ဝတ်စုံတွေတောင် မချွတ်နိုင်ရှာဘူး။ ‌နောက်တစ်ပွဲဆော့မယ်ဆိုပြီး ထပ်စိန်ခေါ်ပြန်ရော။ နာကျည်းမှုတွေကို အောင်မြင်မှုအဖြစ် ပြောင်းလဲပစ်မယ့်ကောင်းကောင်းဟာ အဲ့နေ့ညမှာပဲ နှစ်ပွဲဆက်တိုက်ရှုံးခဲ့ရပါသတဲ့။

ဒါကြောင့် ခွေးကောင်နှစ်ကောင်အလိုကျ သူ့ရဲ့မိန်းကလေးပုံစံနဲ့ အကောင့်အသစ်ဖွင့်ခဲ့ရလေရဲ့။

ဟိုနှစ်ကောင်က စစနောက်နောက်နဲ့ အချစ်လေးတို့ မိန်းမတို့ အသားယူပြီး စာပို့ချင်ပို့ကြတာပေါ့။ ဒါပေမဲ့လည်း အဲ့နှစ်ကောင်ပြောသမျှကို ကောင်းကောင်းဆိုတဲ့ကောင်က ငြိမ်ခံမတဲ့လားကွ။ အဲ့လိုပို့ခံရတဲ့အချိန်ကျရင်တော့ ဟောဒီက ကောင်းကောင်းက မိုးမွန်အောင် အာပြဲကြီးနဲ့ ဆဲထားတဲ့ အသံmessage ကြီးပို့ပေးလိုက်တာပဲ။ ကောင်းကောင်းတဲ့နော်။ နာမည်နှစ်လုံးနဲ့နေတာ။ ဘာမှတ်။

ဒါပေမဲ့ ဒီတစ်ခါက လုံးဝကို မတူတော့ဘူး။ စာလာပို့တဲ့သူကို နည်းနည်းပါးပါး stalk ကြည့်လိုက်တယ်။

ဒီတစ်ခါတော့ ကောင်းကောင်းခဗျာ အာပြဲကြီးနဲ့ဆဲထားတဲ့အသံကို ပို့လိုက်လို့မရတော့ပါဘူးခင်ဗျာ။

သောက်လခွမ်းပဲ ဟိုစတိုးဆိုင်က အစ်ကိုကြီးကွ။

မင်းတို့လည်း လုံးဝမထင်ကြဘူးမလား။ ငါလည်း လုံးဝ လုံးဝကို မယုံကြည်နိုင်လို့ သူ့ရဲ့ profile ကြီးကို မျက်လုံးတွေပွတ်ပြီး ပြူးပြဲနေအောင်ပြန်ကြည့်လိုက်တော့ အဲ့ဒီအစ်ကိုကြီးမှ အဲ့ဒီ့အစ်ကိုကြီးစစ်စစ်ပဲ။ အမယ် ကိုရီးယားသွားခဲ့တယ်နဲ့တူတယ်။ အနောက်ကနောက်ခံက ကိုရီးယားကားတွေထဲမှာပါနေကျ အတွဲတွေသော့သွားချိတ်တဲ့နေရာကြီးပဲ။

Pad ဖူးစာWhere stories live. Discover now