110 9 1
                                    

"ဟေ့ ဘာဖြစ်နေတာလဲ၊ မင်းကြောင့်ရှုံးကုန်ပြီကွ၊ လဒကြီးကျနေတာပဲ မှိုင်ထွေနေရော၊ ရာသီလာနေတာလား"

ကောင်းကောင်းကြောင့် ဂိမ်းရှုံးသွားလို့ ပွစိပွစိပြောနေကြတဲ့ အမွှာနှစ်ကောင်ကို လျစ်လျူရှုလိုက်ရင်း သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ ခုတင်ပေါ် ပစ်လှဲချလိုက်သည်။ အခုတလော ကောင်းကောင်းရဲ့ စိတ်တွေအရင်ကလောက် မလန်းဆန်းတော့ပါ။ သူတို့ပြောသလို ရာသီလာနေတာတော့ မဟုတ်ရပါဘူး။ သို့သော် စိတ်ထဲတွင် တစ်ခုခုက လေးလံနေ၏။

ကောင်းကောင်းတွင် ဖြစ်နေသမျှ အရာအားလုံးကို တစ်စုံတစ်ယောက်အား ပြောပြမှဖြစ်တော့မည်။

"အစ်မ အခုအိမ်မှာရှိလား"
အမွှာနှစ်ကောင်ရဲ့ အစ်မသည် ကောင်းကောင်း၏ အစ်မအရင်းလိုပင် ဆိုးတိုင်ပင် ကောင်းတိုင်ပင်။ ဒီနှစ်ကောင်ကတော့ သူတို့အစ်မနှင့် သိပ်မတည့်ချင်။ အကြောင်းအရင်းမှာ ပွစိပွစိနိုင်လွန်းလို့တဲ့။ သူတို့ကိုယ်တိုင်လည်း သူ့တို့အစ်မနဲ့ တစ်ပုံစံတည်းဆိုတာ မသိကြလေသလား။

သို့သော်လည်း ကောင်းကောင်းနဲ့ အစ်မသဇင်ကတော့ သိပ်တည့်ကြပါသည်။

ပွင့်လင်းမြင်သာမှုရှိတဲ့ အစ်မသဇင်ကို ဟိုအစ်ကိုကြီးအကြောင်း ပြောပြလိုက်ရင် ကောင်းကောင်းကို မဝေဖန်ဘဲ အကြံဉာဏ်ကောင်းတွေ ပေးနိုင်လောက်မည်။

အရင်ကတည်းက ရည်းစားကိစ္စတွေနဲ့ ပတ်သက်ရင် အစ်မသဇင်ကပဲ 'ဒီကောင်မလေးကတော့ အဆင်ပြေတယ်၊ ဟိုကောင်မလေးကတော့ နင်နဲ့မလိုက်ဘူးနော်' ဆိုတဲ့ အကြံဉာဏ်ကောင်းတွေကို ပေးတတ်တာ။

ဒီတစ်ခါ ပုံစံခြင်းတူတော့မတူပေမဲ့လည်း ပြော‌ပြလိုက်ရရင်ပဲ ရင်ထဲ အတော်ပေါ့သွားမယ်ထင်တယ်။

"အခုတော့ မရှိဘူး၊ အလုပ်သွားတယ်လေ၊ သိရဲ့သားနဲ့၊ ညနေကျမှ ပြန်လာမှာပေါ့"
ကြမ်းပြင်ပေါ်တွင်ထိုင်လျက် ခုတင်ကိုကျောမှီထားသော အကြီးကောင်က ဂိမ်းအဆော့မပျက်ဘဲ ပြန်ဖြေသည်။

"သားကြီး တစ်ခုခုဖြစ်နေတာလား၊ ကောင်မလေးကိစ္စလား"
မှန်တင်ခုံတွင်တက်ထိုင်နေသော အငယ်ကောင်က လှမ်းမေးသည်။

Pad ဖူးစာWhere stories live. Discover now