Ep - 17

899 57 5
                                    

အခန်း တစ်ခန်း အတွင်းတွင် ဟိုတယ်ခန်း ဖြစ်တာကြောင့် အသုံးအဆောင် ပစ္စည်း များများ စားစား မရှိပါ။

နံနက် ၉ နာရီထိုးခါနီးပြီ ဖြစ်တာကြောင့် အိပ်ယာထက်မှာ ပေတေပြီး အိပ်နေတဲ့ ကောင်လေးလည်း စတင် နှိုးလာပါတော့သည်။

!!!! ထင်း !!!!

ရှောင်းကျန့် မျက်လုံး ဖွင့်တာနဲ့ ကြားလိုက်ရတဲ့ ဖုန်း ဆီက အသံကြောင့် လက်က ဖုန်းကို စမ်းရှာပြီး ဖွင့်ကြည့်လိုက်တော့ ...

သူ ဖုန်းဝယ်တုန်းက ဖွင့်ထားတဲ့ WeChat acc ဆီကို add လာတဲ့ အကောင့် တွေ့လိုက်တာကြောင့် တစ်ခါမှ ဖုန်းဝယ်ပြီး အင်တာနက်တွေ ဘာတွေလည်း မသုံးဖူးတော့ လက်က မြန်မြန်ဆန်ဆန်ပဲ အကောင့်ကို လက်ခံလိုက်သည်။

အကောင့်ထဲ ဖွင့်ကြည့်နေရင်း Call တဲ့ noti တစ်ခု တက်နေတာ တွေ့တာကြောင့် ထပ်ဖွင့်ကြည့်တော့ Video Call ခေါ်ထားတာ ဖြစ်နေတယ်။

' ဟော်ရှင်း က ဘာလို့ video call ခေါ်ထားတာလဲ ...။'

ရှောင်းကျန့် သူ့ဘာသာ ပြောရင်း ပြန်ခေါ်ဖို့ လုပ်တော့ ...

!!!! ဒေါက် ... ဒေါက် ...!!!!

တံခါးခေါက်သံကြောင့် ဖုန်းကို ချ ပြီး အိပ်ယာထဲက ထ ရင်း သွားဖွင့်လိုက်တော့ ...

' ယွီ့ကျင်း !!!! စောစောစီးစီး ဘာလာလုပ်တာလဲ ...။'

' မစောတော့ဘူး။ 9 နာရီ ရှိပြီ။ ရေချိုးပြီး ထွက်လာတော့ ငါတို့ ဧည့်ကြိုနေရာမှာ စောင့်နေမယ်။'

' ဟုတ်လား ???? ဒါဆို ငါ ပြင်ပြီး ထွက်လာခဲ့မယ်။'

' အင်း ... မြန်မြန် လုပ်။ မနက်စာ ကို အပြင်မှာပဲ သွားစားကြမယ်။ နင်ပဲ ဒီနေ့ တစ်နေကုန် လည်ချင်တာဆို ...။'

' အေးပါ ... အေးပါ။ သွားတော့ ... ငါ မြန်မြန်လုပ်ပြီး ထွက်လာခဲ့မယ် ...။'

ယွီ့ကျင်း အထဲ ပြန်ဝင်တော့မယ့် ရှောင်း ကို နောက်က ကြည့်ရင်း ...

' မြန်မြန် လုပ်မယ်ဆိုပြီး ရေ မချိုးပဲ မထွက်လာနဲ့နော် ...။ ငါတို့က ရေချိုးထားပြီးသား ...။'

ရှောင်းကျန့် နောက်မှာ ကျန်ခဲ့တဲ့ အသံ ကို လျစ်လျူရှုရင်း ရေချိုးခန်းထဲ ပြေးဝင် လိုက်သည်။

What's wrong? ( Completed )Where stories live. Discover now