Ep - 19

938 56 2
                                    

တစ်ချို့ အရမ်းလှပတဲ့ အရာတွေဆိုရင် ဖျက်ဆီးမယ့်အဖျက်အဆီးတွေလည်း အမြဲတမ်း ရှိပါတယ်။

ပန်းတွေဆိုလည်း လှပပြီး မွှေးပျံ့နေရင် ပျားပိသုန်းတွေ လာတတ်သလို၊

သဘာဝ ဆန်ဆန် လှပတဲ့ တောင်တန်းတွေမှာလည်း ရာသီဥတု ဘေး ဒဏ်က မလွှတ်မြှောက်နိုင်ခဲ့ဘူး။

မြို့ကြီး ပြကြီးတွေမှာဆို ပိုဆိုးတာပေါ့။ ဘယ်လောက်ပဲ လှပတဲ့ ရှူခင်းတွေ၊ အဆောက်အဦးတွေ ရှိနေပါစေ ဖုန်မှုန့်တွေ၊ ယာဉ်တွေဆီက ထွက်တဲ့ Gas အနံ့ဆိုးတွေကြားက တည်ရှိရတာပါပဲ။

ဒါတွေက သဘာဝ အလှ၊ သဘာဝ အဖျက်အဆီးတွေပဲ ဆိုတော့ ဘယ်သူကမှလည်း ပြောင်းလဲလို့ မရနိုင်ဘူး။

ဒါပေမယ့် လူတွေ ဖန်တီးတဲ့ အဖျက်အဆီး ဆိုရင်တော့ ကံကောင်းပြီး ချက်ချင်း သိလိုက်ရရင် ပြောင်းလဲ လို့ အချိန်မီပါသေးတယ်။

ရှောင်းကျန့် ဖုန်းကို နား နား ကပ်ထားရင်း ဘယ်လို အဖြေပြန်ပေးရမလဲ လက်သည်း ကိုက်ပြီး အသည်းအသန် စဉ်းစားနေတုန်း ...

' ရှောင်း !!!.'

ရှောင်းကျန့် သူ့ အနားကို ရောက်လာတဲ့ ယွီ့ကျင်း က ခေါ်လာတာကြောင့် လှည့်ကြည့်တော့ တစ်နေရာ ကို ခေါင်းဆတ်ပြနေတယ်။

ရှောင်းကျန့် အဲ့နေရာကို လိုက်ကြည့်တော့ သူတို့ရဲ့ မနီးမဝေး မှာ ယောင်လည်လည်နဲ့ ရပ်နေကြတဲ့ မုလုံ တို့ နှစ်ယောက်။ သူတို့ လှမ်းကြည့်မှန်း သိတော့ မသိချင်ယောင်ဆောင်ပြီး ဟိုကြည့် ဒီကြည့် လုပ်နေကြတယ်။

ထိုစဉ် ပြန်ဖြေမယ့် သူ မရှိလို့ တိတ်နေတဲ့ ဖုန်း ဆီက အသံ ထွက်လာသည်။

' ဟလို ... လေးလေး ရှောင်း ...။'

ဖုန်းထဲက အသံ ထွက်လာတာနဲ့ ယွီ့ကျင်း ဆီက ဘယ်သူလဲ ဆိုတဲ့ မေးခွန်းဖြင့် တံတောင်နဲ့ တွက်ခံရရင်း မေးခံရပြန်သည်။

ရှောင်းကျန့် ဖုန်းမှာ ပေါ်နေတဲ့ နာမည်ကို ထောင်ပြလိုက်ရင်း စပီကာ ဖွင့်လိုက်သည်။

' ဟော်ရှင်း !!!!.'

' လေးလေး ရှောင်း ... ဘယ်လိုလဲ? ကျနော်တို့ လာရမှာလား ...။'

What's wrong? ( Completed )Where stories live. Discover now