ကား များ အသွား အလာ မပြတ် ဖြစ်နေတဲ့ လမ်းမကြီးပေါ်မှာ ကျောင်းသားလေး နှစ်ယောက် တင်ပြီး သွားနေတဲ့ ကား တစ်စီးထဲတွင် ...
' ဒူ ... ဒူ ... ဒူ ...။'
ကင်း အသံမြည်လာတာက သူ့ဖုန်း ဖြစ်တာကြောင့် ထုတ်ကြည့်လိုက်တော့ ...
' ကိုကြီး ...။'
ကင်း သူ့ ဘေးက ဟော်ရှင်းကို တစ်ချက် လှမ်းကြည့်ပြီးမှ ကိုင်လိုက်သည်။
' ဟလို ... ကိုကြီး။'
ဟော်ရှင်း ကင်း ဖုန်း ပြောတာ ကြားတာနဲ့ ကား ရဲ့ အပြင်ဘက်ကို အကြည့်ရွှေ့ပေးလိုက်သည်။ ကား တစ်စီးထဲမှာမို့ ဖုန်းပြောသံကို ကြားနေရမယ်ဆိုပေမယ့် သေချာ အာရုံမစိုက်ပေးတာက ယဉ်ကျေးမှု တစ်ခုပေါ့။
' ကျနော် လား ...။ ကျနော် ကျောင်းက ပြန်လာပြီ။ ဘာလို့လဲ ...။'
ကင်း တစ်ဖက်က ကိုကြီး ကို ပြန်ပြောရင်း ဟော်ရှင်း ကို ကြည့်တော့ ကား ပြတင်းမှာ တံတောင်ဆစ် တင်ရင်း မှေးတင်ပြီး အပြင်ကို ငေးနေတယ်။
' ကျနော် အိမ်ပြန်နောက်ကျမယ်။ ကျနော့် သူငယ်ချင်းကို လိုက်ပို့မလို့ ...။'
~~~~~~~
ဒီမွန် အိမ်ပြန်နောက်ကျမယ် လို့ ပြန်ပြောလာတဲ့ သူ့ ညီကြောင့် လက်က နာရီကို ကြည့်တော့ သူ အပြင် သွားရမယ့် အချိန်က ကပ်နေပြီ ဖြစ်သည်။
' ကင်း ... မင်း အရင် အိမ်ကို ပြန်လာလိုက်။ မင်း သူငယ်ချင်းကို ပြီးမှ ဒရိုင်ဘာကို လိုက်ပို့ခိုင်းလို့ ရတယ်။ ငါ အရေးကြီး အပြင်သွားစရာ ရှိလို့။'
~~~~~~~
' ကိုကြီး ကလည်း ခဏလေးပဲလေ။ မဟုတ်လည်း ကျနော် သူ့ကို အငှါးကား နဲ့ လိုက်ပို့လိုက်မယ်။'
~~~~~~~
ဒီမွန် တုန့်ပြန်လာတဲ့ သူ့ညီ ရဲ့ စကားကြောင့် ဘာ ဆက်ပြောရမှန်း မသိ ဖြစ်သွားသည်။ သူ လိုနေတာ ကား နဲ့ ဒရိုင်ဘာ မဟုတ်ဘူးလေ။
~~~~~~~
' ကင်း ... မင်း အရေးတကြီး အိမ်ပြန်စရာ ရှိရင် ငါ ဒီမှာပဲ ဆင်းလိုက်မယ်လေ။ မင်း ပြန်စရာ ရှိတာ ပြန်ပါ။'
YOU ARE READING
What's wrong? ( Completed )
Fantasyမှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... Story no.18 Crd cv photo