Arc 5.1

661 41 9
                                    

Unicode

' အာ့ နာလိုက်တာ '

နာကျင်နေတဲ့ ခေါင်းကိုကိုင်ကာ ပတ်ဝန်းကျင်ကိုစစ်ကြည့်မိတော့ သူ့ဘေးနားတွင်အိပ်နေတဲ့ယောင်္ကျားတစ်ယောက် ထိုလူက အဝတ်ဗလာဖြစ်နေပြီး သူ့အားဖက်အိပ်နေလေသည်။ သူလဲ ထိုလူရဲ့လက်ကိုဖယ်ပြီး ထထိုင်လိုက်သည်။ ထိုအချိန်

[ host ဇာတ်ကြောင်းပို့ပေးလိုက်ပြီနော် ]

' ဟမ် ခဏ အာ့'

ပိုင်ပိုင့်ကိုမေးမယ်လုပ်တော့ သကောင့်သားက အအော်ခံရမှာဆိုးလို့ သူ့အားမှတ်ဥာဏ်တွေပေးပို့လာသည်။

[ ဟီး ဟီး host သက်သာလား အနာပျောက်ဆေးယူမလား ]

' ယူမယ်ပေး ဇာတ်ကြောင်းလဲဖတ်ဦး '

[  ဝွန်း တွေ့တာနဲ့ခိုင်းပြီ ဖတ်ပြမယ်လို့]

ဆက်ပြောချင်သော်လဲ နဂါးမျက်စောင်းနဲ့ကြည့်နေတဲ့ host ကြောင့် ဖတ်ပြရတော့သည်။

[ အဟမ်း ခွန်းဓနမင်းနဲ့ နှိုင်းရာဆိုတာက အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် တစ်ညမှာတော့ ခွန်ဓနမင်း Rut ဝင်နေချိန် နှိုင်းရာနဲ့ အိပ်မိရာ Knot မိသွားတာကြောင့် လက်ထက်လိုက်ရတော့သည်။ တစ်ယောက်နဲ့တစ်ယောက်ချစ်နေမိပါသော်လဲ ဖွင်မပြောရဲတဲ့ သူတို့နှစ်ယောက်ဘဝထဲသို့ သံဇဥ်ချိုဆိုတဲ့ မိန်းကလေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့ သူတို့နှစ်ယောက်ကြား ဘယ်လိုတွေလွဲမလဲ ဘာတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကို MRTV 4 ရုပ်သံလှိုင်းတွင်စောင်မျှော်ကြည့်ရှုနိုင်ပါပြီ ]

' ပိုင်ပိုင်မင်းကိုဇာတ်ကြောင်းပြောခိုင်းတာလေ'

[ ဟဲဟဲ ရောသွားလို့ပါ အခုမှဇာတ်ကြောင်းကစမှာ ]

' နေတော့ ငါဘာသာငါဖတ်တော့မယ် '
ထိုနောက် သူဖတ်ကြည့်တော့ ဒီကမ္ဘာက ထူးဆန်းတဲ့လူတွေရှိတဲ့ကမ္ဘာပင် သူတစ်ခါမှမကြားဘူးတဲ့ omegaverse ဆိုတဲ့ကမ္ဘာပင်။ ထိုကမ္ဘာကို AOB ကမ္ဘာလို့ဘဲခေါ်လေသည်။ Aloha Beta Omega ဆိုပြီး လူတန်းစားသုံးမျိုးခွဲခြားထားလေသည်။

ဒီကမ္ဘာရဲ့ ဇာတ်လိုက်က ခွန်းဓနမင်းဖြစ်ပြီး ' မင်း 'အိမ်တော်ရဲ့ ဆက်ခံသူတစ်ယောက်ဆိုလဲမမှားပေ။ ဇာတ်လိုက်မကတော့ သံဇဥ်ချိုဆိုတဲ့ Omega ဖြစ်ပြီး သူမက ကလေးထိန်းတစ်ယောက်ပင်။ ဗီလိန်တဖြစ်လဲ သူဝင်ထားတဲ့ကိုယ်ကတော့ ခွန်းဓနမင်းရဲ့ ယောင်္ကျား နှိုင်းရာလို့ခေါ်တဲ့ Omega ဖြစ်ပြီး နှိုင်းအိမ်တော်ရဲ့ ဆည်းလည်းလေးပင်။

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now