Part 1 Unicode

8K 304 7
                                    

နှလုံးအိမ်တည့်တည့်ကို ဖောက်ဝင်လာတဲ့ ကျည်ဆံနဲ့အတူ ရှောင်းကျန့်က ကြမ်းပြင်ပေါ်ကိုလဲကျသွားတယ် အစမတန်နာကျင်မူနဲ့အတူ သူမျက်ရည်တွေလည်ကျလာရတယ် ဒါကမိဘရင်ခွင်ကို ခြေစုံကန်မိခဲ့တဲ့အတွက် သူကိုဘုရားကအပြစ်ပေးထင်ပါရဲ့ သူမိသားစု သူအနာဂတ် သူရဲ့အရာအားလုံးကိုစွန့်လွှတ်ပြီး သူရွေးချယ်လိုက်တဲ့ယောက်ျားက သူကိုဒီလိုမျိုးအဆုံးသတ်ပေးသွားလိမ့်လို  ရှောင်းကျန့်ကမထင်ထားခဲ့မိဘူး နောက်ကျသွားပြီးဆိုပေမယ့် သူနောင်တရတယ် အချိန်တွေကိုအနောက်ပြန်ဆုပ်လိုရရင် ယွဲ့မင်းရန်ကိုသူထပ်ပြီးရွေးချယ်တော့မှာမဟုတ်တော့ဘူး

"ရှောင်းကျန့်!! ရှောင်းကျန့်သတိထားအုန်း!!"

"ရှောင်းကျန့် ကျေးဇူးပြုပြီးကိုယ်ကိုကြည့်ပါအုန်းကွာ ကျေးဇူးပြုပြီးဘာမှမဖြစ်လိုက်ပါနဲ့"

"ရှောင်းကျန့်!! ကိုယ်ခေါ်နေတာကြားလာ ရှောင်းကျန့်!!"

"ရှောင်းကျန့်မအိပ်သွားနဲ့နော် ရှောင်းကျန့်!! သတိကပ်ထားစမ်း မအိပ်သွားနဲ့"

"ရှောင်းကျန့်ကိုယ့်ကိုကြည့်အုန်း ရှောင်းကျန့်!! ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကိုယ်ကိုမထားခဲ့ပါနဲ့"

"ကိုယ်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်ရှောင်းကျန့်"

တစ်စုံတစ်ယောက်ကသူ့ကိုရင်ခွင်ထဲပွေ့ဖက်လိုက်ရင် အဆက်မပြတ်ခေါ်နေတဲ့အသံကိုရှောင်းကျန့်ကကြားနေရတယ် သူ့ခန္ဓကိုယ်ကအရမ်းကိုမှအား‌နည်း‌နေပြီဖြစ်တာကြောင့် အဲ့ဒီလူကဘယ်သူလဲဆိုတာကိုတောင်သိရဖို့အတွက် သူမျက်လုံးတောင်ဖွင့်မကြည့်နိုင်တော့ဘူး ဒါပေမယ့်သူ့ကို‌စိုးရိမ်တကြီးပွေ့ဖက်ငိုနေတဲ့လူက သူ့ယောက်ျားမဟုတ်တာ‌ကိုတော့ရှောင်းကျန့်ကသေချာသိတယ် ဘာလို့ဆိုအခုသူ့ယောက်ျားမင်းရန်က သူ့ရဲ့အထက်လူကြီးဆိုတဲ့လီလီချင်းနဲ့ Hotel ရောက်နေတာကို သူသိနေတာကြောင့်ပဲ တဖြည်းဖြည်းသူ့ကိုခေါ်နေတဲ့အသံတွေက နီးတစ်ချက် ဝေးတစ်ချက်နဲ့ကောင်းကောင်းမကြားရတော့ပဲ ရှောင်းကျန့်ရဲ့ကမ္ဘာကြီးတစ်ခုလုံးကရပ်တန့်သွားတယ် သူဒီလိုမျိုးအဆုံးသတ်သွားတာကိုသာ ‌ရှောင်းအိမ်တော်ကလူတွေသိရင်ဘယ်လောက်တောင် ဝမ်း‌နည်း ကြေကွဲနေကြလိမ့်မလဲ

Resurgence In A Twist Of Fate (Complete)Where stories live. Discover now