Part Final Unicode

2.8K 135 3
                                    


မျက်လုံးပွင့်ပွင့်ချင်း ရှောင်းကျန့်မြင်ရသည်က ဝေဝါးနေတဲ့အဖြူရောင်မျက်နှာကြက်တစ်ခု ခံစားမိသည်ကတင်းကြပ်စွာဆုပ်ကိုင်ခံရထားတဲ့သူ့လက်တစ်ဖက် တဖြည်းဖြည်းချင်းမြင်ကွင်းကကြည်လင်လာချိန် သူဆေးရုံရောက်နေတယ်ဆိုတာကိုရှောင်းကျန့်ကသိလိုက်ရတယ်

သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားရင်ကုတင်ပေါ်ခေါင်းမှီပြီးအိပ်နေတဲ့ရိပေါ်ကို ရှောင်းကျန့်ကကိုယ်လေးနည်းနည်းစောင်းရင် ကျန်တဲ့လက်တစ်ဖက်နဲ့ရိပေါ်ခေါင်းကိုပွတ်သပ်လိုက်တယ်

"ကော"

တစ်ယောက်ယောက်ကသူ့ခေါင်းကိုလာထိတွေ့နေသလိုခံစားရတာကြောင့် ရိပေါ်ရဲ့မျက်လုံးတွေကပွင့်လာရတယ် သူ့ကိုအပြုံးတွေနဲ့စိုက်ကြည့်နေတဲ့ရှောင်းကျန့်ကိုမြင်တဲ့အခါ ရိပေါ်ကငြိမ်သက်စွာငေးကြည့်နေမိတယ် ရှောင်းကျန့်ပြန်နိုးလာချင်းက သူအတွက်အိမ်မက်ဖြစ်နေမှာကိုရိပေါ်ကအရမ်းကြောက်တယ်

"မင်းငါကိုဒီအတိုင်းပဲကြည့်နေတော့မှာလားရိပေါ်"

ဖြည်းဖြည်းချင်းသူ့ကိုမော့ကြည့်လာတဲ့ရိပေါ်ရဲ့မျက်ဝန်းတွေမှာ အံဪခြင်း ၊ သတိရလွမ်းဆွတ်ခြင်း ၊ မယုံကြည့်နိုင်ဖြစ်နေခြင်းတွေကို ရှောင်းကျန့်ကမြင်နေရတယ် သူ့ရဲ့ခွေးပေါက်လေးကအရမ်းကိုပင်ပန်းသွားခဲ့ရပြီး ရှေ့ဆက်သူ့ရဲ့ခွေးပေါက်လေးကိုရှောင်းကျန့်ကအစွမ်းကုန်အလိုလိုက်ပေးဖို့စဉ်းစားထားလိုက်တယ်

"ကော တကယ်ပဲသတိရလာတာလားဟင် ကျွန်တော်အိမ်မက် မက်နေတာတော့မဟုတ်ဘူးမလား"

"အိမ်မက်လား တကယ်လားဆိုတာကိုငါအတည်ပြုပေးမယ်"

ရှောင်းကျန့်ကခပ်ဟဟရယ်ရင်း ပျောက်စပြုနေပြီးဖြစ်တဲ့ရိပေါ်ရဲ့ပါးဖောင်းဖောင်းနှစ်ဖက်ကိုအားကုန်ဆွဲညှစ်ပြစ်လိုက်တယ်

"အာ့!! နာတယ် ကောကျွန်တော်နာတယ်လို့!! အာ!! အိမ်မက်မဟုတ်ဘူး ကျွန်တော်အသက်က တကယ်ပဲပြန်နိုးလာပြီး"

"ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ အလန့်တကြား"

ရုတ်တရက်ကြီးထအော်လာတဲ့ရိပေါ်ကြောင့် ဆိုဖာပေါ်အိပ်ပျော်နေတဲ့ရှောင်းချီယွဲ့နဲ့ရှောင်းဟယ်ရီမှာလဲလန့်နိုးသွားရတယ် ရှောင်းကျန့်သတိရလာတဲ့အချိန်က မနက်လေးနာရီပဲရှိသေးတယ်

Resurgence In A Twist Of Fate (Complete)Where stories live. Discover now