Part 14 Unicode

1.9K 159 1
                                    


အချိန်အားဖြင့်က ည၁၁နာရီရှိနေပြီး ရှောင်းကျန့်ရဲ့ကားကလမ်းမီးတိုင်တစ်ခုပြီး တစ်ခုဖြတ်ကျော်လာရင်းအိမ်ပြန်တဲ့လမ်းပေါ်မှာရောက်ရှိနေတာဖြစ်တယ် ကားကိုပုံမှန်အရှိန်လေးနဲ့မောင်းရင် ရှောင်းကျန့်ကညရဲအလှကိုခံစားနေမိတယ် သူညဖက်တွေဒီလိုအပြင်ထွက်ပြီးအလှပတဲ့မြင်ကံတွင်းကိုမကြည့်ရတာကြာနေပြီး

ရှောင်းကျန့်ကနေမကောင်းတဲ့ဝမ်ပါးကိုသတင်းသွားမေးရင် ဂျီကြနေတဲ့‌ရိပေါ်ကြောင့် ဒီလောက်ထိအိမ်ပြန်နောက်ကြသွားတာဖြစ်တယ် ရိပေါ်ကဝမ်အိမ်တော်မှာပဲအိပ်ဖို့ပြောပေမယ့် မနက်အစောပိုင်းအတန်းရှိတာကြောင့်ရော ဘာမှပြင်ဆင်မလာမိတာကြောင့်ရော ရှောင်းကျန့်ကအိမ်ကိုပဲပြန်လာလိုက်တယ် ဒါတောင်အတင်းလိုက်ပို့မယ်လုပ်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ကရိပေါ်အလစ်စောင့်ပြီးမှသာထွက်လာရတယ်

"ကောရာခဏလေးစောင့် ကျွန်တော်လိုက်ပို့မယ်ဆိုတာကိုထွက်သွားတယ် ဒီလောက်ညနက်နေပြီးပဲဟာ"

"ငါက၅နှစ်ကလေးလား"

"မဟုတ်လိုပေါ့ ၅နှစ်ကလေးသာဆိုဖင်ကိုနာနာလေးရိုက်ပြစ်လိုက်ပြီး"

သူထွက်လာတာကိုသိသိချင်းဖုန်းဆက်ပြီးဂျစ်‌နေတဲ့ရိပေါ်ကိုရှောင်းကျန့်က ကားမောင်းရင်းရယ်နေရုံသာတက်နိုင်တယ် တကယ်ငဂျစ်ကောင်လေး အခုချိန်ဆူပုပ်ပုပ်ဖြစ်နေမယ့် ရိပေါ်ရဲ့မျက်နှာကိုမြင်ယောင်ရင် ရှောင်းကျန့်ကအရယ်မရပ်နိုင်တော့ဘူး

"ရိပေါ်"

"ဗျာကော"

"ငါစိတ်ထင်နေတာလားမသိပေမယ့် ငါ‌ကားနောက်ကိုကားတစ်စီးလိုက်လာနေသလိုပဲ မင်းအိမ်ကထွက်လာထဲက"

"ဟင်း ကောကားကိုအရှိန်လျှော့လိုက်ပြီး အဲဒီကားကိုအရင်တက်ကျော်ခိုင်းလိုက်ကြည့်"

"အင်း"

ရှောင်းကျန့်ရဲ့စကားကြောင့်ရိပေါ်ကလန့်သွားရပြီး ကားသော့တောင်ပြေးစွဲလိုက်မိတယ် ဒါကြောင့်တစ်ယောက်ထဲမပြန်ပါနဲ့လို့ သူပြောနေတာကို ‌သူ့ကောကပြောစကားနားမထောင်ဘူး အမူမှပါဝင်ပတ်သတ်တဲ့လူတချို့ကထွက်ပြေးသိမ်းရှောင်နေတာကြောင့် ယွဲ့ဖန့်ရဲ့အမှုကလည်းပြီးပြတ်သေးတာမဟုတ်ဘူး ကြားထဲယွဲ့မင်းရန်ကရှောင်းကျန့်ကိုအငြိုးမထားပါဘူးလို့ပြောနိုင်တာလဲမဟုတ်ဘူး ဒါတွေကြောင့်သူကရှောင်းကျန့်ကိုစိတ်ပူပြီးလိုက်ပို့မယ်ပြောနေတာကို ရှောင်းကျန့်ကအပိုတွေလုပ်နေပဲထင်နေတာ

Resurgence In A Twist Of Fate (Complete)Where stories live. Discover now