Part 13 Zawgyi

613 14 0
                                    


ဒီရက်တစ်ပတ်ထဲအတွင်းသတင်းစာထိပ်စီး‌ပိုင်းမှာ‌နေ့တိုင်းနေရာယူထားတဲ့သတင်းကတော့ 'Wang Diamond ရဲ့ ဆောက်လုပ်ရေးပရောဂျက်တိုင်းမှာနှစ်ပေါင်းများစွာဦးဆောင်လုပ်ကိုင်နေတဲ့ယွဲ့ဖန့်ကို ငွေကြေးလိမ်လည်မှု လူသတ်ရန်ကြံစီမူ လူသတ်ပြီးအမှုအားဖျောက်ဖျက်မှုတို့ဖြင့် ရှောင်းသခင်ကြီးနဲ့ဝမ်ဥက္ထဌကိုယ်တိုင်မှာတရားစွဲဆိုထားတယ်' ဆိုတဲ့သတင်းပဲဖြစ်တယ်

"ကောင်းပြီးငါလာခဲ့မယ်"

မင်းရန်ပါးကိုရဲတွေဖမ်းသွားတဲ့နေထဲကနေ ဒီနေ့ထိမင်းရန်ကသူကိုအဆက်မပြတ်ဆက်သွယ်နေတာကြောင့် ဒီနေ့တော့မင်းရန်နဲ့သွားတွေဖို့ကိုရှောင်းကျန့်ကဆုံးဖြတ်လိုက်တယ် သူလဲဒီထက်ပိုပြီးမင်းရန်ကိုအချိန်ဆွဲထားစရာ အကြောင်းမရှိတော့ဘူး ဖြတ်စရာရှိတာမြန်မြန်ဖြတ်လိုက်တာအကောင်းဆုံးပဲ

"ကောမသွားလို့မရဘူးလားဗျာ ဒီတိုင်းဖုန်းထဲကနေလဲလမ်းခွဲလိုက်လို့ရရဲ့သားနဲ့"

"မရဘူး ငါမင်းရန်နဲ့မျက်နှာဆိုင်ရှင်းစရာရှိတယ်"

ဘယ်ထဲကသူအနောက်ရောက်နေလဲမသိတဲ့ရိပေါ်က မင်းရန်စီကဖုန်းကျတာနဲ့သူကိုအတင်းဖက်တွယ်လာပြီးပြောတော့တာပဲ ဖုန်းထဲကနေလမ်းခွဲလိုက်လိုရပေမယ့် ရှောင်းကျန့်ကအဲလိုမလုပ်ချင်ပါဘူး

"ကောကတအားရက်စက်တာပဲ ဟင့်"

"ငါဒီထက်ပိုရက်စက်ကြောင်း မင်းကိုအိမ်ပေါ်ကနေကန်ချရင်းသက်သေပြရမလားရိပေါ်"

"ကောအိမ်မှာနေနေရတယ်ဆိုပြီး အရမ်းအနိုင်ကျင့်တာပဲဗျာ အရမ်းသွားချင်းနေတယ်ဆိုလဲသွား ကျွန်တော်ပါလိုက်ခဲ့မယ်"

ရိပေါ်ကပြောပြီးတာနဲ့ ခပ်မြန်မြန်ပဲအဝတ်စားထလဲလိုက်တယ် ရှောင်းကျန့်ကိုတော့တစ်ယောက်ထဲလွှတ်လိုက်နိုင်တဲ့ထိ သူစိတ်မချပါဘူး

အဝတ်လဲခန်းထဲပြေးဝင်သွားတဲ့ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ကခေါင်းသာခါလိုက်မိတယ် ရှောင်းအိမ်တော်ကိုဝမ်ပါးရောက်လာပြီး နောက်တစ်နေ့မှာတင် ရိပေါ်ကအထုပ်ကြီး အထုပ်ငယ်ဆွဲလို ရှောင်းအိမ်ပေါ်ရောက်ချလာပြီး သူဘယ်လောက်နှင်ချချပေကပ်ကပ်နဲ့နေနေတာ ရှောင်းမာကိုယ်တိုင်ကလည်ရိပေါ်ဖက်ကဆိုတော့ သူဘာမှတောင်မပြောနိုင်တော့ဘူး အခုဆိုရင်ရှောင်းအိမ်တော်ကရှောင်းကျန့်ရဲ့အခန်းက ရိပေါ်အခန်းလို့တောင်ပြောလို့ရအောင်ထိကို ရိပေါ်ပစ္စည်းတွေနဲ့ပြည့်နေတယ် ‌ရှောင်းကျန့်ကရိပေါ်အတွက်သီးသန့်အခန်းပြင်ပေမယ့်ရိပေါ်ကလုံးဝလက်မခံဘူး ဒါ့အပြင်ရိပေါ်သူ့ကိုချွဲလိုက်တာဆိုတာလဲ အလည်တန်းတုန်းက ရုပ်တည်ကြီးနဲ့ သူကြောက်ရတဲ့ရိပေါ်မှဟုတ်ရဲ့လားလို့ပြန်မေးရလောက်အောင်ထိပဲ

Resurgence In A Twist Of Fate (Complete)Where stories live. Discover now