Part 9 Unicode

2.1K 193 2
                                    


"အခုချိန်ထိငါမှာတရားဝင်ရည်စားရှိနေတယ်ဆိုတာကိုလဲသတိရပါအုန်းလား ဟွန့်"

မြစ်ကမ်းဘေးကနေ ကားနားရောက်တဲ့ထိ ရိပေါ်ကသူလက်ကိုမလွှတ်တန်းဆုပ်ကိုင်ထားတဲ့အပြင် ကားပေါ်ရောက်ပြန်တော့လဲ ထပ်ဆုပ်ကိုက်လာတာကြောင့် ရှောင်းကျန့်က မျက်စောင်းထိုးရင် ဆူပုပ်ပုပ်နဲ့ပြောလိုက်တယ်

ရှောင်းကျန့်ကပါးစပ်ကသာပြောနေပေမယ့် သူဆုပ်ကိုင်ထားတဲ့လက်ကိုမရုန်းတာကြောင့် ရိပေါ်ကပြုံးရင်းနဲ့သာကားကိုလက်တစ်ဖက်ထဲနဲ့ဂရုတစိုက်မောင်းနေလိုက်တယ် ရှောင်းကျန့်ကသူ့ကိုသဘောကြနေတဲ့အရိပ်ယောင်မပြပေမယ့် သူ့ကိုမငြင်းဆံတာနဲ့တင် ရိပေါ်ကကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်စားရထားသလိုကို ပျော်ရွှင်နေမိတယ်

"ယွဲ့မင်းရန်"

မီးပွိုင့်မိနေချိန် သူ့ကိုပဲကြည့်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ကမနေတက်စွာ လမ်းဘေးဖက်ကိုသာရှောက်ကြည့်နေလိုက်ရင် မထင်မှတ်ပဲနဲ့ယွဲ့မင်းရန်ကိုတွေ့လိုက်ရတယ်

ကောင်မလေးတစ်ယောက်နဲ့လူကြားထဲ‌တောင်မရှောင်ပွေ့ဖက်နမ်းနေကြတဲ့ယွဲ့မင်းရန်ကိုကြည့်ပြီး ရှောင်းကျန့်က ဆွံအ နေမိတယ် အရင်ဘဝတုန်းကလဲ ယွဲ့မင်းရန်ဖောက်ပြန်ခဲ့ဖူးတာကိုလက်တွေ့ကြုံထားရပြီး တစ်နေ့ကြရင်ယွဲ့မင်းရန်ကထပ်ဖောက်ပြန်အုန်းမယ်ဆိုတာကိုကြိုသိနေပေမယ့်လည်း ရှောင်းကျန့်ရင်ထဲနည်းနည်းတော့နာကျင်နေမိသေးတယ် ဘယ်လိုပဲဖြစ်ဖြစ်ယွဲ့မင်းရန်ကသူသိပ်ချစ်တဲ့လူဖြစ်ခဲ့တာပဲမလား

ယွဲ့မင်းရန်နဲ့နမ်းနေတဲ့ကောင်‌မလေးကိုလဲ ရှောင်းကျန့်ကသေချာလိုက်ကြည့်မိတော့ လီလီချင်းဖြစ်နေကြောင့် ထပ်ပြီး ဆွံအ သွားရပြန်တယ် လီလီချင်းနဲ့ယွဲ့မင်းရန်က အရင်ဘဝဒီလိုအချိန်ထဲကစပြီး ဖောက်ပြန်နေခဲ့တာလား ဒါဆိုသူကသာ 6 နှစ်ကျော်လုံးလုံးယွဲ့မင်းရန်ကလွဲ ဘာကိုမှမသိတဲ့နွားတစ်ကောင်လိုဖြစ်နေခဲ့တာပဲမလား ဘယ်လိုစိတ်နဲ့များယွဲ့မင်းရန်ကသူ့အပေါ်ဒီလိုလုပ်ရက်ရတာလဲ သူကဘာတွေများယွဲ့မင်းရန်အပေါ်အမှားလုပ်ခဲဖူးတာရှိလို့လဲဆိုတာကိုရှောင်းကျန့်ကနားမလည်နိုင်ဖြစ်နေရပြီး ရှောင်းကျန့်ကတွေးရင်နဲ့လည်မျက်ရည်တွေကျလာရတယ် 

Resurgence In A Twist Of Fate (Complete)Where stories live. Discover now