Part 6 Unicode

2.5K 217 2
                                    


ဆေးရုံတင်ထားရတာ သူမားဖြစ်ပေမယ့် သူအိမ်သူယာလို့ဆေးရုံကိုဝင်ထွက်နေတာကတော့ ရိပေါ်ပဲဖြစ်တယ် ရိပေါ်က 'ကျွန်တော်ဒီနေမအားလို့မလာဖြစ်လောက်ဘူး' ဆိုပြီး ပါးစပ်ကသာပြောနေပေမယ့် လူကတော့ ဆေးရုံကိုသုံးခေါက်ထက်မနည်းရောက်လာပြီးပြီးဖြစ်တယ် နောက်ထပ်သားတစ်ယောက်ကောက်ရလိုက်တယ်ဆိုပြီးပျော်လိုမဆုံးဖြစ်နေရသူမှာကတော့ သူ့မားသာဖြစ်တယ်

အခုလဲဆေးရုံကဆင်းတော့မယ့် သူ့မားကိုဆရာဝန်ကမှာစရာရှိတာမှာနေတာကို ရိပေါ်ကသူ့မားအနားမှာတောက်တက်လို့ကပ်နေပြီး ဆရာဝန်ပြောသမျှ သူကြီးခေါင်းတညိမ်ညိမ်နဲလုပ်နေတာ ရှောင်းကျန့်မှာ ရိပေါ်ကိုကြည့်ရင် အမြင်တောင်ကပ်လာရတယ်

ဒီနေ့မှကုမ္မာဏီမှာအရေးကြီးကိစ္စပေါ်လာပြီး ရှောင်းပါးနဲ့ချီယွဲ့ကအမြန်ကုမ္မာဏီကိုထွက်သွားလိုက်ရတာကြောင့် ဆေးရုံးကဆင်းမယ့်ရှောင်းမားရဲ့ကိစ္စအဝဝကို ဟယ်ရီ ရှောင်းကျန့်နဲ့ရိပေါ်တို့ကပဲတာဝန်ယူလိုက်ရတယ်

ခြံထဲကိုကားကွေ့ဝင်လာပြီးနောက် ကားရပ်တဲ့ဆင်အောက်မှာရပ်ထားတဲ့ ယွဲ့မင်းရန်ရဲ့ကားကိုတွေ့လိုက်ရတာကြောင့်ရှောင်းကျန့်က စိတ်ရှုပ်သွားရတယ် ရှေ့ဆက်သူဘာဆက်လုပ်ရမလဲဆိုတာကို သူသေချာမဆုံးဖြတ်ရသေးတဲ့အချိန်မှာ ယွဲ့မင်းရန်နဲ့သူ မတွေ့ချင်သေးဘူး

"ကျန့် မင်းဘာလို့ကိုယ်ဖုန်းကိုမကိုင်...ဒီကောင်ကဘာလို့မင်းအနားရှိနေရသေးတာလဲ"

"ရိပေါ်ကငယ်ငယ်ထဲကဒီအိမ်ထဲကို တံခါးမရှိဓားမရှိဝင်ထွက်ခွင့်ရှိတဲ့သူပဲ မင်းမှာဘာမှသူ့ကိုပြောပိုင်ခွင့်မရှိဘူး ဒါငါယောကျာ်းအိမ်ဆိုတာမမေ့နဲ့"

အိမ်ထဲဝင်လာတဲ့သူ့ကိုတွေ့တာနဲ့ ယွဲ့မင်းရန်ကထရပ်ပြီးပြောလိုက်တဲ့စကားကြောင့် ရှောင်းမာကအတော်လေးဒေါသထွက်သွားရပြီး ပြန်ပြောလိုက်မိတယ်

ရှောင်းမားရဲ့စကားကြောင့်ယွဲ့မင်းရန်ရဲ့မျက်နှာကအတော်လေးပျက်သွားရတယ် ဒါ့အပြင်အရင်ကဆိုရင် သူကိုရှောင်းမိသားစုကနည်းနည်းလေးပြောရင်တောင်ငြိမ်မခံတက်တဲ့ရှောင်းကျန့်က အခုငြိမ်နေတာကြောင့် ဒေါသလဲထွက်လာရတယ်

Resurgence In A Twist Of Fate (Complete)Where stories live. Discover now