Part 16 Unicode

2K 165 2
                                    


မိန်လမ်းအတိုင်းနာရီဝက်ကျော်မောင်းနှင်းလာပြီးနောက် ရှောင်းကျန့်ပြန်ပေးစွဲခံရတဲ့နေရာနားရှောင်းချီယွဲ့ကရောက်လာတယ်

"ရိပေါ်!!"

ရှောင်းကျန့်ကားဘေးငုံတုန်ထိုင်ငိုနေတဲ့ရိပေါ်နားကိုရှောင်းချီယွဲ့ကအမြန်ပဲထွက်လာလိုက်တယ်

"ကျွန်တော်ကြောင့် ကျွန်တော်သာကောပြောထဲကအိမ်ကထွက်လာရင် ကောဒီလိုဖြစ်မှာမဟုတ်ဘူး"

"အခုချိန်မှာကိုယ့်ကိုအပြစ်တင်နေရမယ်အချိန်မဟုတ်ဘူးရိပေါ် ကျန့်အားကိုအရင်ရှာရမှာ"

"ကျွန်တော်ဒီနားတစ်ဝိုက်ကိုလိုက်ကြည့်ပြီးပြီး ဘာသဲလွန်စမှမတွေ့ဘူးကော ကျွန်တော်ရူးတော့မှာပဲ"

ဆောက်တည်ရာမရဖြစ်နေတဲ့ရိပေါ်ကိုကြည့်ပြီး ရှောင်းချီယွဲ့မှာလဲရင်မအေးနိုင်ဖြစ်နေရတယ် ရိပေါ်နဲ့နည်းတူရှောင်းချီယွဲ့မှာလည်ယောက်ယက်ခတ်နေရတာတော့အမှန်ပဲ သူ့ကအရာရာမှာအမြော်အမြင်ရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ယောက်ဆိုပေမယ့် ဒီလိုအခြေနေမျိုးမှာတော့ဘာမှတွေ့တေားနိုင်ခြေမရှိတော့ဘူး

သိပ်မကြာခင်မှာပဲရိပေါ်တို့အနားကို ရှောင်းပါး ၊ ရှောင်းဟယ်ရီနဲ့အတူရဲတပ်ဖွဲ့ဝင်တွေပါရောက်လာကြတယ်
ရဲတပ်ဖွဲ့ဝင်များက ရှောင်းကျန့်ကားရဲ့ကင်မရာကိုစစ်တဲ့သူကစစ် အနီအနားတဝိုက်ကိုထပ်ရှာတဲ့သူကရှာကြပေမယ့် ဘာသဲလွန်စမှတော့မတွေ့ဘူး ကံဆိုးတယ်ပဲပြောရမလား ရှောင်းကျန့်ပြန်ပေးစွဲခံရတဲ့နေရာက လူသူကင်းရှင်းတဲ့နေရာဖြစ်တဲ့အပြင် CCTV Camera တွေကမရှိဘူး စိတ်မရှည်တဲ့ရိပေါ်ကခဏခဏထသောင်းကြမ်းနေတာကြောင့် ရဲတပ်‌ဖွဲ့ဝင်တွေကသူတို့ပဲရှောင်းကျန့်ကိုဆက်လက်ရှာဖွေရေးလုပ်မယ်ဆိုပြီး ရိပေါ်တို့ကိုတော့အိမ်ပြန်နေစေတယ် ရိပေါ်ကလက်မခံပေမယ့် သူတို့ရဲ့တာဝန်ကိုဆက်လက်နှောက်ယှက်နေရင် အချုပ်ထဲထည့်ရလိမ့်ဆိုတာကြောင့် ရှောင်းချီယွဲ့မှာရိပေါ်ကို ရှောင်းအိမ်တော်သို့မနည်းပြန်စွဲခေါ်လာလိုက်ရတယ်

အချိန်အားဖြင့်က မနက်5နာရီထိုးနေပြီး အခုထက်ထိရှောင်းကျန့်နဲ့ပတ်သတ်တဲ့ဘာသဲလွန်စကိုမှမသိရသေးတာကြောင့် ရိပေါ်နဲ့ရှောင်းမိသားစုမှာလုံးဝဆောက်တည်ရာမရဖြစ်လာကြရတယ်

Resurgence In A Twist Of Fate (Complete)Where stories live. Discover now