Part 12 Zawgyi

642 10 0
                                    


"ပါးဒီကိုဘာလာလုပ်တာလဲ ကျွန်တော်တို့သေချာစကားပြောထားပြီးပြီပဲ ကျွန်တော့်ကိစ္စတွေမှဝင်မပါပါနဲ့ဆိုနေဗျာ"

ဆိုဖာပေါ်ဖင်ချတာနဲ့ သူ့ကိုဆူးပုပ်ပုပ်နဲ့ပြောပြီး ရှောင်းမိသားစုဖက်ကိုမျက်နှာငယ်လေးနဲ့ကြည့်နေတဲ့ သားဖြစ်သူကိုကြည့်ပြီး မွေးရကျိုးအတော်နပ်တဲ့သားပဲလို့ ဝမ်ပါးကတွေးလိုက်မိတယ်

"မင်းမျက်နှာကိုပြင်လိုက်စမ်းပါ ပါးကပါးကတိကိုတည်ပေးဖို့အတွက်ဒီကိုလာခဲ့တာ"

"ဘာကတိလဲပါး"

သူ့ကိုကြည့်ပြီးပြန်ပြောလာတဲ့ဝမ်ပါးရဲ့စကားကြောင့် ရိပေါ်ကကြောင်အမ်းအမ်းဖြစ်သွားရတယ် ‌သူ့ပါးကသူကိုပေးခဲ့တဲ့ကတိတွေမှအများကြီး ဒါပေမယ့်ဘယ်တုန်းကများတည်ဖူးလို့လဲ

"ဒါကဟန်မင်းအမှုတုန်းကသက်သေထွက်ဆိုပေးခဲ့တဲ့လူတွေရဲ့သက်သေတွေပါ ‌ရှောင်းသခင်ကြီးတို့ဖက်ကယွဲ့ဖန့်ကိုအမှုပြန်ဖွင့်မယ်ဆိုရင်လည်း အဲ့လူတွေကသက်သေပြန်လုပ်ပေးဖို့အဆင်သင့်ရှိပါတယ် ကျွန်တော်ဘက်ကလဲယွဲ့ဖန့်ကိုကုမ္ပဏီရဲ့ငွေကိုအလွဲသုံးစားလုပ်မှုနဲ့ထပ်တရားစွဲဆိုသွားမှာပါ"

"ဒါကဘာ‌သဘောလဲအန်ကယ်"

ဝမ်ပါးစားပွဲပေါ်တင်လာပေးတဲ့စာရွက်စာတန်းကိုတစ်လှည့် ဝမ်ပါးကိုတစ်လှည့်ကြည့်ရင်း ရှောင်းကျန့်ကနားမလည်နိုင်စွာမေးလိုက်တယ် ရှောင်းကျန့်နဲ့ထပ်တူရှောင်းမိသားစုမှလဲနားမလည်နိုင်ဖြစ်နေရတယ်

"ပါးစီမှာဒါတွေကဘယ်လိုလုပ်ရှိနေရတာလဲ ကျွန်တော်သူတို့စီအမှုအတွက်ဆက်သွယ်ပေမယ့် တစ်ယောက်မှအတွေ့မခံလိုစိတ်ညစ်နေရတာ ပါးကျဘယ်လိုလုပ်ရလာရတာလဲ"

ဝမ်ပါး‌စားပွဲပေါ်တင်လာပေးတဲ့စာရွက်စာတန်းတွေကိုရိပေါ်ကဦးစွာယူကြည့်လိုက်ပြီးသူ့ပါးကိုမေးလိုက်တယ် သူကဒီသက်တွေရအောင်မနည်းကြိုးစားနေရချိန် သူ့ပါးကလွယ်လွယ်နဲ့ရလာပုံပေါက်တာမို့ရိပေါ်ကနည်းနည်းတော့မကကျေမနပ်ဖြစ်သွားရတယ် ဒီသက်တွေသူအရင်ရခဲ့ရင်ရှောင်းကျန့်စီကအမှတ်ကာင်းကောင်းရမှာဖြစ်သလို့ ယွဲ့ဖန့်တို့ကိုလဲလုံးဝအမိဖမ်းနိုင်မှာသေချာတယ်

Resurgence In A Twist Of Fate (Complete)Where stories live. Discover now