Part 3 Unicode

3.7K 286 3
                                    


(Unicode)

ကားကိုဂရုတစိုက်မောင်းနေတဲ့ ရိပေါ်ကိုရှောင်းကျန့်ကမကြာခဏဆိုသလိုခိုးခိုးကြည့်နေမိရင်း အရင်ဘဝကအကြောင်းကိုလည်ပြန်စဉ်းစားနေမိတယ် အရင်ဘဝတုန်းကလည် မင်းရန်နဲ့လက်မှတ်ထိုးမယ့် အချိန်မှာရိပေါ်ကိုသူမတော်တစတွေ့ခဲ့မိသေးတယ် ဒါပေမယ့် သူသေချာပြန်ကြည့်လိုက်ချိန်မှာတော့ မတွေ့ရတော့ဘူး ဒါကြောင့်သူကလူမှားတယ်ပဲထင်နေခဲ့မိတာ တကယ်တန်းကြရိပေါ်ကဒီနားမှာရှိနေပြီး သူအမြင်မှားတယ်လို့ထင်နေခဲ့တာမဟုတ်ဘူးပဲ

ရိပေါ်ကသူ့ထက်တစ်တန်းငယ်တဲ့ဂျူနီယာလေးဖြစ်တယ် ရိပေါ်ရဲ့အခန်းထဲမှာဆိုလဲ ရိပေါ်ကမာနကြီးတဲ့အချေကောင်လို့နာမည်ကြီးတယ် သူနဲ့ရိပေါ်ကအရမ်းကြီးမရင်းနှီးကြပေမယ့် မခင်ဘူးဆိုလည်မဟုတ်ပြန်ဘူး အတန်းငယ်ပေမယ့်ရိပေါ်ရဲ့ခပ်တင်းတင်းမျက်နှာထားကြောင့် ဘယ်သူကမှမရောရဲကြဘူး အဲဒီထဲမှာစီနီယာတွေဖြစ်နဲ့ ရှောင်းကျန့်တို့ရောအပါဝင်ပဲ

ဒါပေမယ့်တစ်ခါတစ်လေးကြရင်ရိပေါ်ကရှောင်းကျန့်ကိုစာနဲ့ပတ်သက်တာတွေလာလာမေးပြီး ရှင်းပြခိုင်းဖူးတယ် နေ့လည်စာစားချိန်ပြီးတိုင်းလည် သူမကြိုက်တဲ့မုန့်ဆိုပြီး ရှောင်းကျန့်အကြိုက်ဆုံးမုန့် တွေကိုနေ့တိုင်းလာလာကျွေးဖူးသေးတာ အဲ့တုန်းကဆိုရင် 'ဂျူနီယာရိပေါ်ကမကြိုက်တဲ့မုန့်ကိုဘာလို့နေ့တိုင်းဝယ်နေတာလဲဟင်း'ဆိုပြီးတောင် ရှောင်းကျန့်ကအရဲစွန့်ပြီးမေးဖူးသေးတယ် ရိပေါ်ကတော့သူအမေးကိုမဖြေပဲ 'စကားများတယ် စားစရာရှိတာပဲစားစမ်းပါ' ဆိုပြီးတစ်ခွန်းထဲသာပြန်ပြောတယ် နောက်ပိုင်းရိပေါ်ယူလာကြွေးတဲ့မုန့်တွေကို ရှောင်းကျန့်ကမေးခွန်းမထုပ်ရဲတော့ဘူး သူ့ဂျီနီယာလေးရဲ့မျက်နှာထားကအရမ်းကြောက်ဖို့ကောင်းတာ

တစ်ခါတစ်လေးသူအိမ်ကလာကြိုနောက်ကြတဲ့အချိန်တွေမှာဆိုလဲ ရိပေါ်ကသူ့ကိုမပြောမဆိုကားပေါ်အတင်းဆွဲတင်ပြီး အိမ်လိုက်ပို့ပေးဖူးတာတွေလဲရှိတယ် မရင်းနှီးပေမယ့်လည် ရှောင်းကျန့်ကသူ့အပေါ် ရိပေါ်လုပ်ပေးသမျှကို လိမ်လိမ်မာမာနဲ့နေပြီးငြိမ်ခံရတယ် မဟုတ်ရင် သူဂျူနီယားလေးစီက‌ မျက်ထောင့်နီကြီးတွေနဲ့စိုက်ကြည့်တာကို ရှောင်းကျန့်ကခံရသေးတာ အဲလို့အချိန်ဆို ရှောင်းကျန့်မှာအသက်တောင်မရူရဲဘူး

Resurgence In A Twist Of Fate (Complete)Where stories live. Discover now