Part 11 Zawgyi

854 17 0
                                    


ခွမ်း!!!

အခန်းထဲပြန်ရောက်တာနဲ့ သူ့စီလှမ်းပြစ်လာတဲ့ရေခွက်ကိုယွဲ့မင်းရန်ကအမြန်ရှောင်လိုက်ရတယ် သူကလီလီချင်းနဲ့ရှောင်းကျန့်ကိုထိပ်တိုက်မတွေ့မိအောင် ဒီလောက်ရှောင်ခဲ့တာတောင် ရအောင်လာတွေ့ရတယ်လို့ ခုတော့သူမှလီလီချင်းကိုဘယ်ရှင်းရမလဲဆိုတာကိုအသည်းသန်စဉ်းစားနေရပြီး

"ကျဲမောင်ရှင်းပြပါမယ်ကွာ"

"ဘာကိုရှင်းပြမှာလဲ မင်းကြောင့်ဒို့ဘယ်လောက်ထိတောင်အရှက်ကွဲခဲ့ရလဲဆိုတာမသိဘူးလား"

လီလီချင်းကတကယ်ကိုဒေါသထွက်နေတယ် ပွဲထဲမှရှိတဲ့လူအတော်များကိုယွဲ့မင်းရန်ကသူမချစ်သူပါလို့မိတ်ဆက်ပေးပြီးကာမှာ ရှောင်းကျန့်စီကမဏ္ဍပ်တိုင်တက်ပြချင်းခံလိုက်ရတော့ လီလီချင်းကတကယ်ခံကိုပြင်းနေမိတယ် ဒါအပြင်ပွဲတစ်လျှောက်လုံးလဲ သူမကိုကြည့်ပြီး မကြားကြားအောင် မကောင်းပြောနေကြတဲ့လူတွေကြောင့်လဲ လီလီချင်းကဒေါသအတော်လေးထွက်လိုက်ရပြီး အခန်းပြန်ရောက်တဲ့အထိမနည်းထိန်းထားရတယ်

"မောင်တောင်းပန်ပါတယ်ကျဲ အဲလိုဖြစ်လာစေဖို့မောင်တကယ်မရီရွယ်ပါဘူး"

"မင်းမှာချစ်သူရှိနေရက်နဲ့ ဘာလိုဒိုနဲ့လာပတ်‌သတ်နေရတာလဲ ဒို့စီကမင်းဘာလိုချင်နေတာလဲဟမ်း!! နောက်ပြီးမင်းက Gay လား"

"ကျဲစီကမောင်ဘာလိုချင်ရမှာလဲကွာ ‌မောင်ရှောင်းကျန့်နဲ့တွဲနေရတယ်ဆိုတာကလည် မလွဲသာလိုပါ မောင် Gayမဟုတ်ဘူးကျဲ"

သူမကိုဖက်တွဲလာရင် မျက်နှာငယ်လေးနဲ့ပြောလာတဲ့ယွဲ့မင်းရန်ကိုကြည့်ပြီးလီလီချင်းကထွက်နေတဲ့ဒေါသတွေကိုလျော့ချလိုက်ရတယ် မင်းရန့်ရဲ့လေသံကိုနားထောင်လိုက်ရုံနဲ့ဘယ်လောက်ထိတောင်စိတ်မကောင်းဖြစ်နေလဲဆိုတာကို လီလီချင်းကသိတယ် နောက်ပြီးယွဲ့မင်းရန်က Gayမဟုတ်ဘူးဆိုတာကိုလည်လီလီချင်းကကောင်းကောင်းသိတယ် သေချာပေါက်ယွဲ့မင်းရန်နဲ့ရှောင်းကျန့်ကြားတစ်ခုခုတော့ရှိကိုရှိရမယ်

"ပြော!! မင်းရှောင်းကျန့်နဲ့တွဲနေရတဲ့အကြောင်းရင်းကိုပြော!!"

Resurgence In A Twist Of Fate (Complete)Where stories live. Discover now