Part 7 Zawgyi

780 16 0
                                    


အယုံလွယ်လွန်းတဲ့ယွဲ့မင်းရန်ကြောင့် ရှောင်းကျန့်ကအလွယ်တကူပဲယွဲ့ဖန့်နဲ့တွေ့ဆုံခွင့်ရသွားပြီး အချိန်ခဏလေးအတွင်းမှာပဲရင်းနှီးသွားရတယ် လောဘကြီးလွန်းတဲ့ယွဲ့ဖန့်က သူ့ကို Wang Diamond ကုမ္မဏီမှာရှယ်ယာဝယ်ဖို့ကိုလဲအကြံပေးတယ် ဒါကအကျိုးမယုတ်တာကြောင့်ရော သူ့ပါးအမူကဝမ်ကုမ္မဏီနဲ့လည်ပတ်ပတ်နေတာကြောင့် ရှောင်းကျန့်ကလွယ်လွယ်ကူကူနဲ့ပဲလက်ခံလိုက်တယ် ရှေ့နေ့ရဲ့အကူညီနဲ့ပဲ ရှောင်းကျန့်ကအလွယ်တကူ Wang Diamond မှာရှယ်ယာတချို့ကိုဝယ်နိုင်ခဲ့တယ် ယွဲ့ဖန့်တို့သားဖကိုတော့ သူတကယ်ဝယ်လိုက်နိုင်တဲ့ရှယ်ယာအကြောင်းကိုဖုံးကွယ်ထားပြီး ရှယ်ယာ 5%လောက်သာဝယ်နိုင်ကြောင်းလိမ်လိုက်တယ် နည်းလွန်းတဲ့ရှယ်ယာကြောင့် ယွဲ့ဖန့်ကမျက်နှာပျက်သွားပေမယ့် ရှယ်ယာရှင်ရဲ့နာမည်မှာ သူသားယွဲ့မင်းရန်ရဲ့နာမည်ဖြစ်နေတာကိုတွေ့‌လိုက်ရတော့ ကျေနပ်သွားပုံရတယ်

ယွဲ့ဖန့်ပေးတဲ့အကြံတိုင်းကိုရှောင်းကျန့်ကဘာမှမသိတဲ့ကလေးတစ်ယောက်လိုပုံစံနဲ့လိမ်လိမ်မာမာအကုန်လိုက်လုပ်တယ် အဲတာတွေကြောင့်လည် ယွဲ့မင်းရန်တို့သားဖနှစ်ယောက်က သူ့ကိုဆိုဘာမှမသိတဲ့ တုံးအ လွန်းတဲ့အချစ်ရူးတစ်ယောက်လို့ထင်နေကြတယ်  သူတို့သားဖမသိတာကတော့ အဲ့အချိန်ခဏလေးအတွင်းမှာပဲရှောင်းကျန့်ကယွဲ့ဖန့်နဲ့အတူပူပေါင်းပြီး မကောင်းတဲ့လုပ်ရပ်တချို့မှာပါဝင်ပတ်သတ်တဲ့နေတဲ့လူတော်တော်များများရဲ့သက်သေတချို့ကိုရရှိထားပြီးပြီးဖြစ်တယ်ဆိုတာပါပဲ ရှောင်းကျန့်က သူအပေါ်သစ္စာဖောက်ခဲ့တဲ့ယွဲ့မင်းရန်ကိုပဲကလဲ့စားချေချင်တာမျိုးမဟုတ်ပဲ့ သူပါးရဲ့အမူမှာယွဲ့ဖန့်နဲ့အတူပါဝင်ပတ်သတ်တဲ့သူအားလုံးကို ထိုက်တန်တဲ့အပြစ်ခံစားခိုင်းစေချင်တာဖြစ်တယ် အဲ့လိုဖြစ်အောင်လဲသူကကြိုးစားမှာဖြစ်တယ် သူ့ရဲ့အကြံစီးတွေကိုဘာမှမသိစွာ ရွှေထုပ်ကိုပိုက်မိထားတယ်ထင်ပြီးပျော်ရွှင်နေတဲ့ယွဲ့မင်းရန်တို့သားဖနှစ်ယောက်ကိုကြည့်ပြီး ရှောင်းကျန့်ကစိတ်ထဲကသာအော်ရယ်လိုက်မိတယ်

ကျောင်းတွေပြန်ဖွင့်‌တော့လည် ‌ပါးကသူကိုစောင့်ကြည့်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မေဂျာမတူတာတောင် သူအနားတောက်တက်လို့လိုက်ကပ်နေတဲ့ယွဲ့မင်းရန်ရဲ့ရန်ကနေ ရှောင်းကျန့်ကကိုယ့်ကိုယ်ကိုကာကွယ်နိုင်ခဲ့တယ် အရင်လိုသူ့အနားယွဲ့မင်းရန်မရှိတော့မှာသာ သူ့မှာသူငယ်ချင်းတွေရှိလာရတယ် အရင်ဘဝကဆိုရင် သူ့အနားပဲအချိန်ပြည့်ကပ်နေတက်ပြီး အရမ်းသဝန်တိုတက်တဲ့မင်းရန်ကြောင့် သူ့မှာသူငယ်ချင်းဆိုလို့တစ်ယောက်တောင်မှမရှိခဲ့ဖူးဘူး

Resurgence In A Twist Of Fate (Complete)Where stories live. Discover now