အအေးဓာတ်လွန်ကဲတဲ့လေထုဟာ နှင်းမှုန်တွေကြားမှာ ဝေ့ဝဲတိုက်ခတ်နေသည်မို့ ပြတင်းပေါက်မှာတပ်ထားတဲ့ အဝါဖျော့ဖျော့ လိုက်ကာစတွေဟာ အဆိုပါ လေထုကြောင့် အဆက်မပြတ် လူးလွန့်လို့သွား၏။ ဆိုးလ်မြို့ရဲ့ မထင်မရှားရပ်ကွက်လေးထဲက တိုက်တစ်ခုရဲ့ ခေါင်မိုးထပ် အခန်းကျဉ်းလေးဟာလည်း Heater ဖွင့်မထားတဲ့အတွက် နွေးထွေးမှုကင်းမဲ့လို့နေသည်။
Jenoတစ်ယောက် အပြင်သွားဖို့ ပြင်ဆင်ထားပေမဲ့ သွားချင်စိတ်မရှိတာမို့လို့ အိပ်ယာပေါ်မှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေမိသည်။ ဖွင့်လက်စဖုန်းမှာလည်း သူငယ်ချင်းဖြစ်သူဆီကနေ မက်ဆေ့ခ်ျတွေက ဆက်တိုက်ဝင်နေတာဖြစ်၏။
~Jeno ငါ အောက်မှာရောက်နေပြီ
~ဒီတစ်ခေါက်လည်း မလိုက်ပြန်ဘူးလား
~ဒီတစ်ခါ မလိုက်ရင်တော့ ငါ မင်းနဲ့ အဆက်အသွယ်မလုပ်တော့ဘူးနော်တရစပ်ဝင်နေတဲ့ မက်ဆေ့ခ်ျတွေကိုကြည့်ရင်း Jeno ဆံပင်တွေကို ထိုးဖွပစ်လိုက်မိသည်။ တစ်ဆက်တည်းမှာပဲ လက်ဝါးတို့ဖြင့် မျက်နှာကို အကြမ်းပတမ်း ပွတ်ပစ်ပြီး မျက်လုံးတို့ကိုပါ မှိတ်ထားလိုက်သည်။ တကယ်ဆို အဆိုပါ တွေ့ဆုံပွဲကို သူ သွားချင်စိတ်မရှိ။ ဒီတိုင်းလေး သူ့ဘဝသူ အဆင်ပြေပြေနဲ့ ဖြတ်ကျော်နေချင်စိတ်ပဲရှိသည်။
~Jeno
~အခုဆင်းမလာရင် ငါ တကယ်သွားတော့မှာနော်
~မြန်မြန်လာခဲ့ပါဆိုနေ
~မင်း အခုလိုလုပ်နေတော့ ဟိုကောင်က ပြန်လာမှာလား
~ရူးနေတာကို ရပ်လိုက်တော့ဆက်တိုက်ဝင်နေသေးဆဲစာတွေကိုဖတ်ရင်း Jenoရဲ့ မျက်လုံးလေးက ချက်ချင်းအရောင်ဖျော့သွားသည်။ တွေ့ဆုံပွဲကို မသွားချင်ရတဲ့ ပထမဆုံးအချက်က Jeno မျှော်နေမိသူ ရောက်မလာခြင်းကြောင့်ပင်ဖြစ်သည်။
~ငါဆင်းလာပြီ
Jeno ထိုမက်ဆေ့ခ်ျတစ်စောင်ကို ပို့ပြီး လျှာထိုးဦးထုပ်တစ်လုံးကိုယူကာ အောက်ထပ်ကို ဆင်းလာခဲ့ရသည်။ သို့သော် စိတ်မဆောင်တဲ့အရပ်ကို သွားရမည်မို့ ခြေလှမ်းတွေက လွန်စွာမှ နှေးကွေးလွန်းသည်။ အသည်းခိုက်မတတ် အေးနေတဲ့ ရာသီဥတုအလယ်မှာ Jenoက ခပ်ပါးပါး လက်ရှည်တစ်ထည်နဲ့ ဂျင်းအပွတစ်ထည်ကိုပဲ ဝတ်ဆင်ထား၏။

ESTÁS LEYENDO
Remember [Complete]
FanficNCT DREAM × Fanfiction Complete × [ Unicode + Zawgyi ] Start - Dec 17, 2023 [SUN] End - Jan 22, 2024 [MON]