(Unicode)
*ဖြန်း!!*
ပါးပြင်ထက်၌ ခံစားလိုက်ရသည့် နာကျင်မှု။နာကျင်မှုတဲ့လေ။သူမနှင့်အသားတကျရှိနှင့်နေပြီးသား အရာပေါ့။
သိမ်ငယ်နေသည့်အရည်ဖွဲ့မျက်ဝန်းတို့ဖြင့်သူမက သူမရှေ့မှာ ရပ်နေသည့် မိန်းကလေးကိုပြန်ကြည့်မိသည်။''နင် အဲ့လောက် နုံရ အ ရလား ဆုဝတ်လွှာ''
ထိုအမျိုးသမီးလေး၏ နာမည်က ဆုဝတ်လွှာ။လူမှန်းသိတတ်စအရွယ်ကတည်းက သူမ နားလည်ခဲ့ရသည်က သူမဟာ အငယ်နှောင်းအမျိုးသမီးတစ်ဦး၏ သမီး။ခန္တာကိုယ်ကိုရောင်းစားရင်း ပိုက်ဆံရှာသည့် အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သည်။မိခင်ဖြစ်သူဟာ သူမကိုမွေးဖွားရင်း သေဆုံးခဲ့ရသည်။ဖခင်ဖြစ်သူဟာ သူမ၏ မိခင်ကိုအလွန်ပင်ချစ်လေသော်ငြား သူမကိုတော့မုန်းသတဲ့။အဘယ်ကြောင့်ဆိုသော် အဖေ ချစ်ရသည့်အမျိုးသမီးဟာ သူမကြောင့် သေဆုံးခဲ့
သည့်အတွက်တဲ့လေ။မွေးဖွားလာခြင်းနှင့်အတူ သူမဟာ အပြစ်သားတယောက်ဖြစ်ရသည်။ဖခင်ဖြစ်သူဟာ သက်ရှိထင်ရှားရှိနေလျှက် အတူနေထိုင်ပါလျှက် ''အဖေ''ဟုခေါ်ခွင့်မရ။လူမှန်းသိတတ်စအရွယ်ကတည်းက ဖခင်ဖြစ်သူကို ခေါ်ခဲ့ရသည့်နာမ်စားက''ဦးနိုင်''တဲ့။ဖခင်ဖြစ်သူဟာ Hotel လုပ်ငန်းတွေလုပ်သည့် သူဋ္ဌေးတစ်ယောက်ဖြစ်သော်ငြား ဆုဝတ်လွှာအနေနဲ့တော့ ဘာအကျိုးခံစားခွင့်မှမရှိ။ဖခင်ဖြစ်သူ၏ မယားကြီးတွင် ဆုဝတ်လွှာနှင့် သက်တူရွယ်တူသမီးတစ်ယောက်ရှိသည်။ဆုဝတ်လွှာနှင့်
ဖအေတူ မအေကွဲ ညီအစ်မပေါ့။ဆုဝတ်လွှာဟာ ဖခင်ဖြစ်သူနှင့်ဖခင်၏မယားကြီးတို့ရဲ့ အုပ်ထိန်းမှုအောက်တွင်နေရသည်။သို့သော် အဖေဟာ ဆုဝတ်လွှာကိုတော့ သူ၏သမီးတစ်ယောက်ဟုလူသိမခံခဲ့ပါ။လူတွေအမြင်မှာ
အဖေ့၏သမီးဟာ တစ်ယောက်ပဲရှိသည်။အဖေ့ တရားဝင်အမျိုးသမီး၏ သမီး''မြင့်မိုရ်လှိုင်''သာဖြစ်သည်။''ငါတောင်းပန်ပါတယ် နန္ဒာ''
''နင် အဲ့စကားတခွန်းပဲတတ်လား ဟမ်''
ဆုဝတ်လွှာရဲ့ အရှေ့ ဒေါသတကြီးပြောနေဆိုသည့် အမျိုးသမီးလေးရဲ့နာမည်ဟာ ချစ်ရွှန်းနန္ဒာတဲ့။
သူမ၏မိဘတွေဟာလည်း အသိုင်းဝိုင်းကြီးကြီးထဲကမို့သူမရဲ့အကျင့်စရိုက်တို့ဟာ အထက်စီးဆန်သည်။ချစ်ရွှန်းနန္ဒာ၏ ဘယ်ဘက်တွင်ရပ်နေသည့် တစ်ယောက်ကတော့ သူမ၏
ချစ်ရသူ စေလွှာမောင်။သူမတို့နှစ်ဦးဟာ ငယ်စဥ်ကတည်းက အမြစ်တွယ် လာသည့်သူငယ်ချင်းသံယောဇဥ် မှတဆင့် ချစ်ကျွမ်းဝင်ခဲ့ကြသည်။ချစ်ရွှန်းနန္ဒာ၏ ညာဘက်တွင် ရပ်နေသည့်သူဟာ စိန်ဆိုင်ပိုင်ရှင်သူဋ္ဌေးတစ်ဦး၏ သမီးဖြစ်ပြီး နာမည်က''ရပ်ဝန်းလွှာ''တဲ့။သူတို့ လေးဦးဟာ ငယ်သူငယ်ချင်းများပင်ဖြစ်ကြသည်။သူငယ်ချင်းတွေထဲ သိမ်ငယ်မျက်ဝန်းများနှင့် အမြဲအားငယ်နေတတ်သည့်
ဆုဝတ်လွှာဟာ သူငယ်ချင်းတွေရဲ့ အနိုင်ယူသမျှကိုလည်း အမြဲငြိမ်ခံနေတတ်သည်။သူငယ်ချင်းတွေဟာ ငယ်စဥ်ကတည်းက ဆုဝတ်လွှာအပေါ် အနိုင်ရခဲ့သည့် ငယ်နိုင်များ
ပင်ဖြစ်သည်။