(Unicode)
''စားကြလေ...ဂူဂူးကိုယ်တိုင် Special လုပ်ပေးထားတာနော်''
သက်လျာနှင့် နွေးတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်မိသည်။
''ဟိုဟာ...သမီးဂူဂူး....စားလို့တော့ရပါတယ်နော်''
''ဟင်...ဘာကိုလဲ မာမား''
''သေတော့ မသေလောက်ဘူး မဟုတ်လား''
မာမားက ဒီလိုပြောတော့ သက်ထားက မကျေနပ်ဟန် မျက်နှာကလေးကိုမဲ့ပြသည်။လက်တစ်ဖက်က စားပွဲပေါ်ကိုလှမ်းထောက်ကာ ကျန်လက်တစ်ဖက်က ခါးကိုထောက်
လျှက် သက်လျာကိုကြည့်ပြီး ခပ်စွာစွာအသံကလေးဖြင့်.....''ဒီမှာ မာမား..ဂူဂူးက အိမ်မှာဆိုကိုယ့်ဘာ့သာကိုယ်ချက်စားတဲ့သူပါ။ဒီလောက်ကတော့ ဂူဂူးအတွက်အေးဆေး။
ပါးပါးလေးပဲ''''အော်...ဟုတ်လား...အဲ့ဒါကြောင့်ထင်ပါရဲ့
ဂလုံဂလွမ် နဲ့ အသံကိုစုံနေတာပဲ''သက်လျာက ခပ်ရွဲ့ရွဲ့ကလေးပြန်ပြောတော့ သက်ထား
တစ်ယောက် ရုတ်တရက်ပြန်ပြောစရာစကားပျောက်ရှသွားသည်။သို့သော်လည်း နဒီသက်လျာ၏သမီးပီပီ အလျှော့မပေးတတ်သည့် စိတ်အရင်းခံကလေးက ရှိနေတော့....''အော်..ဒါက.. ဟို...ဟိုဟာ..မီးဖိုချောင်အပြောင်းအလဲ
ကြောင့်ပါ''သက်ထားဟာ အချက်ပြုတ်အလုပ်တွေနှင့်မစိမ်းသည့်သူဖြစ်သော်လည်း နန်းစံကို ပညာပြချင်သည့်စိတ်ဆန္ဒလေးပြင်းပြနေသည်ကြောင့် စိတ်လောမိသွားခြင်းဖြစ်သည်။
စိတ်လောမိခြင်းအကြောင်းကြောင့် မီးဖိုခန်းထဲမှကြွေပန်းကန်လုံး၃လုံးနှင့် ဖန်ခွက်တစ်ခွက်တော့ကွဲသွားရှာပြီဖြစ်သည်။''အော်...ဟုတ်လား အဲ့လိုဖြစ်တတ်တာလား''
သက်လျာကလည်း တမင်ရွဲ့၍ အံ့သြဟန်ကလေးတုန့််ပြန်သည်။
''ဟုတ်တယ်လေ''
နှုတ်ခမ်းလေး ဆူကာ ပြောနေသည့် သက်ထားကို သက်လျာ
ကပြုံးလျှက်လှမ်းကြည့်လိုက်တော့ ရှက်သွားသည်ထင်ပါ၏။ချက်ချင်းပဲ အကြည့်လွှဲသွားသည်။''မေမေ့ဂူဂူးလေးက တော်လိုက်တာ။အရမ်းအရသာရှိတာပဲ''
ဖက်ထုပ်လေးတစ်ခုကို စားကြည့်ပြီး ကြိုက်နှစ်သက်သွား
သည့်နွေးဟာ ပြုံးပြုံးကလေး ချီးကျူးစကားဆိုသည်။