(Unicode)
''ဆည်းလည်းလေး...မေမေ့ဆည်းလည်းလေးရေ''
အမျိုးသမီး တစ်ဦး၏ ခေါ်သံ။သာယာချိုမြနေသော အသံဖြစ်သည်။ပုံရိပ်တစ်ချို့ကိုလည်း မြင်နေရသည်။သို့သော်သဲသဲကွဲကွဲမမြင်ရပေ။ဝိုးတိုးဝါးတား မြင်နေရသည့်ပုံရိပ်တွေသာဖြစ်သည်။
''မေမေ့ဆည်းလည်းလေးရေ...''
ထိုအမျိုးသမီးဟာ ဤသို့သာခေါ်နေသည်။ဘယ်သူ့ကိုခေါ်နေသလဲ။ဆည်းလည်းလေးဟာ ဘယ်သူလဲ။ဘာကြောင့်ခေါ်နေရတာလဲ။ပြီးတော့ဘာကြောင့်ဒါတွေကိုကြားနေရတာလဲ။အသက်ရှုသံတွေမြန်လာသည်။ပုံရိပ်ဝါးဝါးတွေကြား အသက်ရှုသံတွေမြန်လာသည်။ဘယ်ကမ္ဘာဆီရောက်နေသလဲ နန်းစံမသိပါ။ထိုအမျိုးသမီးဟာ နန်းစံကိုခေါ်နေသလား။မိမိ၏နာမည်သည် လွန်းဝါနန်းစံ ဖြစ်သည်။ဆည်းလည်းလေးမဟုတ်ပေ။ပြီးတော့ မေမေတဲ့။နန်းစံရဲ့ မေမေကနှင်းဆီသွေးခက်လေ။ထိုအမျိုးသမီးမှ မဟုတ်ပဲ။ထိုအမျိုးသမီး၏ ခေါ်သံတွေဟာဝေးကွာလို့သွားသည်။
မတူညီသော အခြေနေတစ်ခုဆီသို့ဆက်စပ်မှုမရှိ ရောက်သွားပြန်သည်။ငိုသံတွေ။ငိုသံတွေကို နန်းစံကြားနေရသည်။အမျိုးသမီးတစ်ဦးဟာ သည်းထန်စွာ ငိုကြွေးလျှက် စူးဝါးစွာအော်နေသည်။''ပြေးတော့...သမီး....ပြေးတော့...လွတ်အောင်ပြေးတော့...
သွားတော့...သွားတော့သမီးငယ်...လွတ်အောင်ပြေးပါတော့''ထိုတိုက်တွန်းအော်သံဟာရော ဘယ်သူ့ကိုရည်ညွှန်းနေတာလဲ။နန်းစံ မသိပါ။နန်းစံဘာမှမသိပါ။သူမရင်တွေ တလှပ်လှပ်တုန်လာသည်။''မေမေ့ဆည်းလည်းလေး''ဆို
သည့် ခေါ်သံချိုချိုနှင့်အတူ ''ပြေးတော့ သမီးငယ်...ပြေးတော့''ဆိုသည့် ငိုသံပါ အော်ဟစ်နေသံတို့ဟာ တပြိုင်နက်ဖြစ်ပေါ်နေသည်။နန်းစံရဲ့ ခန္တာကိုယ်ကို နောက်သို့ဆွဲငင်သွားသလို ခံစားနေရသည်။အမှောင်ထုကြီးထဲ သူမလမ်းပျောက်နေပြီ။ထိုအချိန်သူမနှုတ်ခမ်းတွေမှ ရေရွတ်မိသည်က....''မာမီ...မာမီ...ဟင့်...မာမီ..နန်းစံကို ကယ်ပါဦး...
မာမီ...အင့်ဟင့်...မာမီ..နန်းစံကိုကယ်ပါ..မာမီ''အိပ်မက်...အိပ်မက်ဟု အသိကဝင်လာသည်။သို့သော် သူမမျက်လုံးတွေဖွင့်မရပါ။အသံတွေကိုလည်း သူမကြားနေရသည်။နိုးထမရပါ။အိပ်မက်မှန်းအသိဝင်နေရက်နဲ့တောင် သူမ နိုးထလို့မရပါ။တမ်းတမ်းတတ မာမီ့ကိုသာနန်းစံအော်ခေါ်နေမိသည်။