(Unicode)
သက်လျာ အနားရောက်လာတော့ သက်ထားကတချက်လှမ်းကြည့်လိုက်သည်။သက်လျာကလည်း သက်ထားကို ပြန်
ကြည့်ပေမယ့် ပြုံးတောင်မပြုံးပြပေ။ဒါကြောင့် သက်ထားက မျက်နှာကိုစူပုတ်ထားလျှက် အကြည့်လွှဲလိုက်သည်။''Coffee သောက်မလား သက်လျာ''
သက်လျာ နွေးကိုခေါင်းညိတ်ပြလိုက်သည်။ထိုအခါ နွေးကသက်လျာကို coffee ဖျော်ပေးရန်အတွက် နေရာမှထထွက်သွားသည်။ထိုအခါ သက်လျာက နန်းစံရဲ့ဘေးနား နွေးရဲ့နေရာတွင် ဝင်ထိုင်လိုက်သည်။သက်လျာလည်း အနားရောက်လာရောနန်းစံတစ်ယောက် အသံကိုတိတ်လို့။နန်းစံက သက်လျာကိုသွားလေးဖြီးကာ ပြုံးပြလိုက်ပြီး.....
''နေကောင်းတယ်နော် မာမား''
''အင်း''
မာမားက နှုတ်ခမ်းတွန့်ရုံပြုံးပြီး ''အင်း''ဟုသာပြန်ဖြေသည်ကြောင့် နန်းစံတံတွေးလေးပင်မြိုချလိုက်မိသည်။မာမားရောက်လာတော့ နန်းစံစိတ်ထဲအထိတ်ထိတ်အလန့်လန့်ဖြစ်ရသည်။ပုံမှန်အခြေနေဆိုရင် မာမားကို နန်းစံအရမ်းကြီးမကြောက်မိပါ။အခုကြောက်နေရသည်ကတော့ အကြောင်းရှိသည်။လွန်ခဲ့သည့် အပတ်က နန်းစံလမ်းသွားရင်း ဆေးလိပ်သောက်နေသည့်အချိန် မာမားနှင့်တည့်တိုးခဲ့ခြင်းကြောင့်ဖြစ်သည်။ဒါကြောင့်လည်း ဒီရက်ပိုင်း နန်းစံ သက်လျာတို့အိမ်သို့ မလာရဲခြင်းဖြစ်၏။မာမားက မေမေနွေးကိုပြန်တိုင်မှာ နန်းစံကြောက်သည်။မေမေသာ သိရင်သိပ်စိတ်ဆိုးမှာ။
မေမေစိတ်ဆိုးလျှင် နန်းစံ အရမ်းစိတ်မကောင်းဖြစ်ရသည်။ဒါကြောင့် မေမေ့ကိုပြန်မတိုင်ဖို့ မာမားကိုမနည်းတောင်းပန်ခဲ့ရသည်။ခဏကြာတော့ မေမေက coffee ခွက်ကလေးကိုင်ကာပြန်ရောက်လာသည်။နွေးက Coffee ခွက်ကလေးကို သက်လျာ အရှေ့သို့ ချပေးပြီး သက်ထားရဲ့နံဘေးက နေရာတွင်ဝင်ထိုင်သည်။
''ထမင်းက အခုမှ စားတာလား နန်းစံ''
''ဟုတ်တယ် မာမား...အခုမှ စားရတာ
မာမီတို့က နန်းစံကို ထမင်းလေးတောင်မကျွေးချင်
ကြတော့ဘူးလေ''နန်းစံရဲ့ စကားကြောင့် မာမားက ဟက်ခနဲရယ်လေသည်။
''လွန်းဝါနန်းစံကတော့လေ...ပေါက်တက်ကရပြောတဲ့နေရာမှာ နှင်းဆီးသွေးခက် အတိုင်းပဲ''