Part-2

1.6K 101 5
                                    

(Unicode)

''Guide ဆရာမ ခေါ်ထားပြီးပြီ
၁၀တန်းတက်ရတော့မှာ ပြင်ဆင်သင့်တာ
ပြင်ဆင်ထားသင့်ပြီ ရပ်ဝန်းလွှာ''

ညစာထမင်းဝိုင်းမှာ ဖခင်ဖြစ်သူ ပြောလာသည့်စကား
ကြောင့် ရပ်ဝန်းလွှာ စိတ်ရှုပ်သွားသည်။

''ကျောင်းတောင်မှ တက်ရသေးတာ မဟုတ်ပဲ
အဲ့ဒီလောက်ထိ မလိုအပ်သေးပါဘူး ဒယ်ဒီ''

ထိုထမင်းဝိုင်း တွင် ရပ်ဝန်းလွှာ၏ မိခင်နှင့် အစ်မဖြစ်သူတို့
နှစ်ဦးကတော့ တိတ်ဆိတ်နေကြသည်။

''လိုအပ်တယ် ရပ်ဝန်းလွှာ
နင်၁၀တန်းအောင်ဖို့ လိုတယ်။ငါ့သမီးကြီးက ဆရာဝန်ဆိုပြီး
ငါ့စီးပွားဘက်တွေကြားမှာ ငါလက်မထောင်နိုင်တယ်။
သမီးငယ်ကရောလို့ မေးရင် ငါ့မှာဖြေစရာကိုမရှိဘူး။
အသုံးမှမကျပဲ။နင်လေ နင့်အစ်မခြေဖျားလောက်မှီရင်တောင် တော်တော်လေးအသုံးကျနေပြီ သိလား''

ရပ်ဝန်းလွှာရဲ့ နှုတ်ခမ်းတွေ တိတ်ဆိတ်သွားသည်။ဒီစကားတွေဟာ ရပ်ဝန်းလွှာနှင့်ရင်းနှီးနေပြီးသား စကားလုံးတို့ပင်။
မကြာခဏလည်းကြားခဲ့ဖူးသလို စိတ်ပျက်ဖို့အကောင်းဆုံးသော ကဲ့ရဲ့စကားများပင်ဖြစ်၏။မျက်နှာချင်းဆိုင်က မမရဲ့မျက်နှာကိုတချက်လှမ်းကြည့်တော့ မမကအနေရခက်နေဟန်တူသည်။ရပ်ဝန်းလွှာ မမအပေါ်မုန်းတီးမိစိတ်မရှိပါ။
ဒါဟာမမရဲ့ အပြစ်မဟုတ်။ညီအစ်မနှစ်ယောက်ကြား ရန်များရအောင် လှုံ့ဆော်နေသကဲ့သို့ စိတ်ပျက်စရာကောင်းလှသည့် စကားတွေကိုသာပြောနေသော ဒယ်ဒီနှင့်သာသက်ဆိုင်သည်။ရပ်ဝန်းလွှာ လက်ထဲက ဇွန်းနှင့်ခက်ရင်းကို ချလိုက်ပြီး ဒယ်ဒီ့ရဲ့ မျက်လုံးတွေကို သေချာကြည့်လိုက်သည်။

''ဒီလိုဆိုရင်လည်း ဒယ်ဒီ့မှာ သမီးတစ်ယောက်ပဲရှိတယ်လို့ပြောလိုက်ပေါ့ ဒယ်ဒီ။ဒါဆို စပ်စုနေကြတဲ့ဒယ်ဒီ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့ အပေါက်တွေလည်းပိတ်သွားလောက်ရောပေါ့''

ရပ်ဝန်းရဲ့စကားကြောင့် ဒယ်ဒီဒေါသဖြစ်သွားဟန်တူသည်။
ထမင်းစားပွဲကို လက်ဖြင့်ဒေါသတကြီးထုလိုက်သည့် ဒယ်ဒီကမျက်ခုံးတွေကိုတွန့်ချိုးထားသည်။

မြတ်နိုးမှုမှ အစပြု၍ (Season-2)Where stories live. Discover now