"နွယ်"
နွယ် သူမနာမည် ကိုကြားလိုက်တော့ ယွန်းဘက်ကို လှည့်ကြည့်လိုက်သည်။ နွယ်တစ်ယောက်ကြောင်တောင်တောင်လေးဖြင့် "ရှင်" လို့ထူးလိုက်မိသည်။
"သူတို့က နွယ့်ကို ကြည့်နေတာ၊ ယွန်း မနေ့ကလည်းတွေ့တယ်" ယွန်းပြောလိုက်တော့ ကဗျာ စဉ်းစားနေဟန်ဖြင့် 'အော်' လို့သာ ပါးစပ်ထဲက ထွက်လာသည်။
နွယ့်မှာတော့ ယွန်းကိုကြည့်နေတုန်းပင်၊ ယွန်းမှာ ဒီနေ့ပို လှနေသည်ဟု နွယ်ထင်မိသည်။ ယွန်းဝတ်ထားသည့် နှင်းဆီဖျော့ရောင် ရင်စေ့ဝမ်ဆက်လေးက ယွန်း၏ အသားဖြူဖြူလေးနှင့် အတော်လိုက်ဖက်ပါသည်။ ဘာ မိတ်ကပ်မှ မသုံးပဲ သနခါးလေးဖြင့်သာ လှပနေသည့် သူမ၏မျက်နှာလေးမှာ ကြည့်လို့မဝနိုင်အောင်ပင်။
ရုတ်တရက် ယွန်းဖုန်းထဲက မြည်လာသည့် message ဝင်သံလေးကြောင့် နွယ်အကြည့်များသည် ယွန်းဖုန်း၏ ဖန်သားပြင်ပေါ်ရောက်သွားသည်။
Unknown number
မမယွန်းUnknown number
သော်တာဖြိုးပါ မမ ထမင်းစားချိန်ထင်လို့ စာပို့လိုက်တာပါ မမအားလားဟင်ဆက်တိုက်ဝင်လာသည့် message နှစ်ဆောင်ကြောင့် ယွန်း သူမဖုန်းလေးကို ကောက်ကိုင်လိုက်သည်။
You
ဟုတ်တယ် ဖြိုး ခုချိန်က မမ ထမင်းစားချိန်လေ ဒါပေမဲ့ မမ မအားဘူးYou
နောက်မ ပြောကြတာပေါ့Unknown number
ဟုတ်ကဲ့ပါ မမ၊ ဖြိုး ကော်ဖီဆိုင်လေးမှာ မမကို စောင့်နေမယ်နော် မမဂရုစိုက်ပါ 😚ဖုန်းကို ကြည့်ပြီး ပြုံးနေသော ယွန်းကို သင်ဇာက "ယွန်း ဘယ်သူစာပို့တာလည်း" စက်စက်စုစုဖြင့် မေးလိုက်သည်။
"အော်၊ ယွန်းအလုပ်လုပ်တဲ့ ကော်ဖီဆိုင်ကို လာနေကျ ဖောက်သည်လေးပါ" ယွန်း ပြန်ဖြေတော့ ရယ်သံလေးက နောက်မှာပါလားသေးသည်။ နွယ်ကတော့ စိတ်ထဲ အလိုမကျသာဖြစ်နေသည်။ ဖုန်းထဲက စာပို့တာလေးကို ပြုံးစရာမလိုဘူး လို့တော့ နွယ်ထင်သည်။

YOU ARE READING
Loved One _ GL
Romansaလှတယ် နွယ်ရယ် သိပ်ကိုလှတယ်၊ တန်ဖိုးမဖြတ်နိုင်အောင်လှတယ် အသက်ရှူမဝနိုင်အောင်လှတယ်။ 'လှလွန်းလို့ ယွန်းနဲ့ မထိုက်တန်သလိုခံစားရတယ်' _________________________________________________ နှိုင်းခနွယ်_-_ကျွန်မ ရဲ့အေးစက်တောင့်တင်းနေတဲ့ နှလုံးသားတစ်ခုလုံး နွေးထ...