မနက်ပိုင်း နေမထွက်မခင်ထဲက ထကာ တက္ကသိုလ်၏ ဒုတိယမြောက်ရက်ကို ဖြတ်သန်းဖို့ ပြင်ဆင်နေတော့သည်။ ရာသီဥတုအေးတာကြောင့် နှင်းဆီပျော့ရောင် ရင်စေ့ဝမ်းဆက်လေးဝတ်ဆင် မိသည်။ သနာခါးကို ပါးပြင်ပေါမှာ သေးသေးလေးပဲ လိမ်းခြယ်ကာ နှာသီးချွန်လေးပေါ်မှာ သနာခါးလေး တစ်စက်ချလိုက်သည်။ ကျက်ဆီမြှီးကို ဆံပင်၏ ဘေးတစ်ဖက်တစ်ချက်စီမှာ ကျစ်ကာ ဆံသားရှည်တွေကို နောက်မှာ သာချထားလိုက်သည်။ ခန္ဓာကိုယ်တစ်ဝက်ပဲ မြင်ရတဲ့ မုန်သားပြင်တွေပေါ်ကြည့်ပြီး ကျေနပ်ပြီဆိုမှ လွယ်အိပ်ကလေးရယ်၊ ရေခဲထုပ် အိပ်လေးရယ်ကို ယူကာထွက်လာခဲ့သည်။
ရပ်နေကျဆိုင်လေးရှေ့ ရပ်ကာ "ကြီးမေရေ၊ ရေခဲထုပ်လာပို့တာ" ယွန်း လှမ်းခေါ်လိုက်တော့ အိမ်ထဲမှ ဒေါ်ချို ထွက်ခဲ့သည်။ လက်ထဲမှာလည်း ပုံမှန်တိုင်း ထမင်းဘူးလေးနှင့်ပင်။
"သမီး ထမင်းဘူးယူသွားအုန်းနော်" ဒေါ်ချိုပြောကာ ထမင်းဘူးလေးကို ယွန်းရှိ လှမ်းလိုက်သည်။
"ကြီးမေကလည်း ရပါတယ်လို့ ပြောနေတာကို" ယွန်းတစ်ယောက် အားနာနာ ဖြင့်ငြင်းတော့သည်။
"အော်၊ ကြီးမေကစားစေချင်လို့ပေးတာပါ သမီးရယ်" ဒေါ်ချိုပြောကာ ယွန်းလက်ထဲက ရေခဲထုပ်လေးနှင့် ထမင်းဘူးနေရာလည်းလိုက်သည်။ "သွားတော့ နောက်ကျမယ်"
"ဟုတ်ကဲ ကြီးမေ၊ ကျေးဇူးတင်ပါတယ်" ဒေါ်ချို ခေါင်းညိမ့်ပြတော့ ယွန်းလည်း လက်ထဲက ထမင်းဘူးလေးနှင့်အတူ တက္ကသိုလ်ကျောင်းတော်ကြီးစီသို့ ခရီးနှင်ခဲ့တော့သည်။
အတန်းမစခင် ၁ခွဲ အလိုမှာ ရောက်တာကြောင့် ပတ်ဝန်းကျင်တွင် ကျောင်းသားတစ်ချို့သာတွေ့ရသည်။ ယွန်းပုံမှန်တိုင်း အတန်းထဲဝင်ကာ ရှေ့ဆုံးမကျ နောက်ဆုံးမကျ အလယ်လောက်မှာ ထိုင်လိုက်သည်။ ထမင်းဘူးလေးကို စာပွဲပေါ်တင်ကာဖွင့်လိုက်တော့ ငါးဥဟင်း၊ ယွန်းအကြိုက်ဆုံးပင်။ ယွန်းမှာ ကိုယ့်အကြိုက်တွေ့တော့ ဟန်ဆောင်မနေတော့ပဲ အားရပါးရစားတော့သည်။ ယွန်းတစ်ယောက်စားကောင်းကောင်း ဖြင့်စားနေတုန်း
YOU ARE READING
Loved One _ GL
Romanceလှတယ် နွယ်ရယ် သိပ်ကိုလှတယ်၊ တန်ဖိုးမဖြတ်နိုင်အောင်လှတယ် အသက်ရှူမဝနိုင်အောင်လှတယ်။ 'လှလွန်းလို့ ယွန်းနဲ့ မထိုက်တန်သလိုခံစားရတယ်' _________________________________________________ နှိုင်းခနွယ်_-_ကျွန်မ ရဲ့အေးစက်တောင့်တင်းနေတဲ့ နှလုံးသားတစ်ခုလုံး နွေးထ...