ဖှုန်တွေ တလွှလွှထနေသည့် ကတ္တရာကားလမ်းမပေါ်က အရှိန်မြန်မြန်ဖြင့် မောင်းလာသည့် အနက်ရောင် Ferrari ကား၊ အသစ်စက်စက်လို ပြောင်လက်နေသည့် ကားလေးကြောင့် ဘေးတွင်သွားလာနေသည့် လူများကတော့ ဖုန်းထုတ်ကာ ဓာတ်ပုံ၊ video တွေ ရိုက်တာ အမောပင်။ သူတို့ ရိုက်တာလည်း အပြစ်မယူလိုပါ ဒီလို Ferrari ကားမျိုးတွေက မြန်မာ နိုင်ငံမှာတွေ့ရခဲသာဖြစ်သည်။
ဒီလိုမျိုး အခြေအနေတွေကို နွယ် နေသားကြပြီးသားဆိုပေမဲ့၊ ယွန်းမှာ တော့ ကြိုက်ပုံမပေါ်။ နောက်ဆုံးတစ်ခေါက် နွယ်နှင့် လိုက်စီးတုန်းကလည်း ဒီလို ပုံစံပဲမို့ နောက်လိုက်မစီးတော့ခြင်းသာ ဖြစ်သည်။ ယွန်းက လူတွေ၏ အရမ်းအာရုံစိုက်မှုတွေကို မကြိုက်၊ အမြဲ သာမန်လူတစ်ယောက်လိုသာ နေထိုင်၊ စားသောက်ချင်သည်။ စိတ်ကလည်း ရှက်တက်၊ ကြောက်တက်သည့် မိန်းကလေးမို့ တစ်ခုခု ဆိုအမြဲ သိုသိုဝှက်ဝှက်သာရှိသည်။ ဝမ်းနည်းမှုတွေကို ရင်ထဲမှာ ပဲသိမ်းထားတက်ပြီး၊ လူကြားထဲ ငိုရမှာကိုလည်း လွန်စွာကြောက်သည့် မိန်းကလေးပင်ဖြစ်သည်။
Ferrariကားလေး ကော်ဖီဆိုင်လေးရှေ့ရပ်လိုက်တာ ယွန်းသတိထားမိတော့ ကားမောင်းလာသည့် ၅ မိနစ်အချိန်လေးမှာ ယွန်း၏ ခေါင်းထဲ တွေးလာသည့် အတွေးပေါင်း သောင်းခြောက်ထောင် ကိုဘေးဖယ်ကာ ကားထဲက ထွက်ဖို့ပြင်လိုက်သည်။
ယွန်းမှာ ကားစီးရတာ အဆင်ပြေသည် သို့သော်၊ ကားထဲက ထွက်တော့မယ် ဆိုရင်တော့ တော်တော်လေး စိတ်ကိုပြင်ဆင်ရသည်မှာ အမော၊ ထွက်လိုက်လျှင် ကျရောက်လာမည့် မျက်လုံးတွေကို တွေးကြည့်ရင်း ယွန်းကားထဲကပင်မထွက်ချင်တော့၊ ကား handle လေးကို ကိုင်ထားကာ ဆွဲဖို့ အချိန်ယူနေရသည်။ ရုတ်တရက် ဖွင့် ထွက်သွားသည့် ကားတံခါးကြောင့် ယွန်း ခန္ဓာကိုယ်လေး တုန်ကာ လန့်သွားရသည်။
"ယွန်း ဆင်းလေ . . . ဘာလည်း ထက်ချီတာ ခံချင်လို့လား" နွယ်၏ စကားဆုံးတော့ ယွန်းတစ်ယောက် လျှင်လျှင်မြန်မြန်ပဲ ကမ်းပေးထားသည့် နွယ်၏ လက်ကို ကိုင်ကာ ထွက်လိုက်သည်။
Ferrari လိုကားမျိုးထဲက ထွက်မည်ဆိုလျှင် တော်တော်လေး အခတ်တွေ့ရသည်မှာ အမှန်ပင်။ နွယ်တော့ ဘယ်လို ထွက်လည်း မသိ၊ ယွန်းထွက်တော့မယ် ဆိုရင် ကိုင်စရာ တစ်ခုကတော့ အမြဲလိုနေတက်သည်၊ ဝတ်ထားသည်မှာလည်း ရင်ဖုံးနှင့် ထဘီ ဖြစ်တာကြောင့် တော်တော်လေး သရုတ်ပြတ်ရသည်မှာလည်း ယွန်း၊ နွယ်နှင့် ကားလိုက်မစီးချင်သည့် ဒုတိယ အချက်ပင်ဖြစ်သည်။
YOU ARE READING
Loved One _ GL
Romanceလှတယ် နွယ်ရယ် သိပ်ကိုလှတယ်၊ တန်ဖိုးမဖြတ်နိုင်အောင်လှတယ် အသက်ရှူမဝနိုင်အောင်လှတယ်။ 'လှလွန်းလို့ ယွန်းနဲ့ မထိုက်တန်သလိုခံစားရတယ်' _________________________________________________ နှိုင်းခနွယ်_-_ကျွန်မ ရဲ့အေးစက်တောင့်တင်းနေတဲ့ နှလုံးသားတစ်ခုလုံး နွေးထ...