အပိုင်း (၁၁)

204 7 0
                                    

ယွန်းဧကရီ POV

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ယွန်းဧကရီ POV

"စားဖို့ တစ်ခုခုဝယ်ပေးရအုန်းမလား" နွယ် ကျွန်မဘက်လှည့်ပြီးမေးတယ်။

"နွယ် လမ်းကို ကြည့်မောင်း" ကျွန်မ နွယ့်ဘက်ကို မလှည့်ဘဲပြောလိုက်တယ်။ နွယ် ခေါင်းညိမ့်ပြီး လမ်းဘက်ကို အာရုံစိုက်လိုက်တယ်။ "နောက်ပြီး ရပါတယ်တယ် ယွန်း ဗိုက်သိပ်မစာပါဘူး"

"ဒါဆိုလည်း နွယ့်အိမ်ရောက်ရင် ယွန်းကို တစ်ခုခုလုပ်ကျွေးမယ်လေ"

ကျွန်မ ခေါင်းညိမ့် ပဲပြလိုက်တယ်။ ဒါပေမဲ့ နွယ် မမြင်နိုင်ဘူးဆိုတာကို သတိရပြီး "ဟုတ်ပါပြီ နွယ်လည်းစားရမယ်နော်"

"ဒါပေါ့" နွယ်ပြန်ဖြေတယ်။

ဟုတ်တာပေါ့ ကျွန်မတို့ နွယ့် အိမ်ကိုမောင်းနေတာပေါ့။ ကိုယ့်ရဲ့ တတ်တခိုးချစ်သူကို အေးစပ်တောင့်တင်းနေတဲ့ ကြမ်းပြင်ပေါ်မှာ ခြင်ထောင်တွေ စောင်တွေ မရှိဘဲနဲ့ ဘယ်သူက အိပ်စေချင်မှာလည်း။ ဘယ်သူမှ မအိပ်စေချင်ဘူးလေ။ နွယ် သာအဲ့ ကြမ်းပြင်ပေါ်မှာ တစ်ညလုံးအိပ်ခဲ့ရင် ကျွန်မကိုယ်ကျွန်မ လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး။

နွယ်ကလည်း တော်တော်လေးကို ခေါင်းမာတယ်။ သူ့ကို ကိုယ့်အိမ်ကို ပြန်အိပ်စေချင်လို့ ပြောနေတာကို ရတယ်ပဲ လုပ်နေတယ်။

ကျွန်မ နွယ့်ဘက်ကို မသိမသာ မျက်စောင်းတစ်ချက်ထိုးလိုက်တယ်။ ကြည့်ပါအုန်း နွယ့်ကို ချောလိုက်တာမ မျက်လုံးတောင်မခွာနိုင်ဘူး၊ ကျွန်မကို ပြန်ကြည့်ပါအုန်း အိမ်စုပ်မှာနေတဲ့ တောသူမလေး- အယ် တောသူမ ရယ်လို့တော့ မဟုတ်ဘူးပေါ့၊ အဲ့လိုပုံစံပေါ့။

Loved One _ GLWhere stories live. Discover now