နှိုင်းခနွယ်၊ အသက် (၂၀) အရွယ် တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်သည်။ Targin ကုမ္ပဏီ ပိုင်ရှင် အီတလီနိုင်ငံသား Ace Vargas ခေါ် ဦးသူရဟိန်း ဖြင့် ထိမ်းမြှားလက်ထက်ထားသော ဒေါ်စန္ဒာချို တို့၏ အကြီးဆုံးသမီး ဖြစ်သည်။
ဖခင်မှာအောင်မြင်သော စီးပွားသမား တစ်ယောက်ပဲဟု ထင်လိုက်ရင်တော့ မှားပါလိမ့်မည်၊ Black Diamond Mafia ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သူ ဦးသူရဟိန်းဟာ သမီးဖြစ်သူကိုလည်း အတော်ဆုံး assassin တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့သည်။
သို့သော် မိခင်မှာ ဤအရာကို ကြိုက်နှစ်သက်ချင်း မရှိသည့် အပြင် ကိုယ့်သမီးဖြစ်သူ လူသက်တာကို မကြည့်ရက်တာ တစ်ကြောင်း၊ နွယ့်ကို မြန်မာ နိုင်ငံ ပို့ကာ မြန်မာနိုင်ငံတွင်သာ ပညာဆက်သင်ကြားစေ ခဲ့သူသည်။
စီပွားရေး သင်ခန်းစာတွေ၊ အတိုက်အခိုက်နှင့် သေနတ်ပစ် လေ့ကျင့်ခန်းတွေ၊ ဘာသာစကားသင်ကြားမှုတွေ ဖြင့် ၁၇ နှစ်လုံးလုံး အချိန်ကုန်ခဲ့ရသည့် အတွက် ပထမဆုံး လွတ်လပ်မှု ဆိုတာကြီးကို ရခဲ့သော် နွယ်မှာ မြန်မာနိုင်ငံကို ရောက်ရောက်ခြင်း နေသားမကျခဲ့သည်မှာတော့ အမှန်ပင်။ ပင်ကိုယ် ရုပ်ရည်ချောမော သည်က တစ်ကြောင်း၊ ထူးခြားသည့် ပင်လယ်ပြာရောင် မျက်လုံးလေးများကြောင့် လူအများ အာရုံစိုက်ခံခဲ့ရသည့် နွယ်မှာ မြန်မာနိုင်ငံက လူများနှင့် လူဝင်ဆံ့အောင်ပင် မနည်းကြိုးစားခဲ့ရသည်။
မြန်မာ နိုင်ငံလာတော့ မောင်ဖြစ်သူလည်း ပါလာသည့် အတွက် နွယ်အဖော်ရခဲ့ပါသည်။ မောင်ဖြစ်သူမှာတော့ အမနှင့် မတူ၊ လွတ်လွတ်လပ်လပ် နေ့ခဲ့ရသည်။ အတိုက်အခိုက်ကို basic ပိုင်းသာ သင်ခဲ့ရပြီး၊ သာမန် ကလေးတစ်ယောက်လို ဘဝကို ရှင်သန်ခဲ့ရသည့် မောင်ဖြစ်သူကို နွယ် အနည်းငယ်မနာလို ဖြစ်ခဲ့သည်မှာတော့ အမှန်ပင်။ သို့သော် နွယ်မှာ မောင်ဖြစ်သူကိုတော့ ချစ်ရှာပါသည်၊ မောင်လေးတစ်ယောက် မွေးလာ ထဲက သူမလို့ ဘဝမျိုး မဖြတ်သန်းစေချင်သည်မှာ အမှန်ပင်ဖြစ်သလို မဖြတ်သန်းခဲ့ရသည့် အတွက်လည်း နွယ် သူမ၏မိခင်ကို ကျေးဇူးတင်လျက်ပါပဲ။
YOU ARE READING
Loved One _ GL
Romansaလှတယ် နွယ်ရယ် သိပ်ကိုလှတယ်၊ တန်ဖိုးမဖြတ်နိုင်အောင်လှတယ် အသက်ရှူမဝနိုင်အောင်လှတယ်။ 'လှလွန်းလို့ ယွန်းနဲ့ မထိုက်တန်သလိုခံစားရတယ်' _________________________________________________ နှိုင်းခနွယ်_-_ကျွန်မ ရဲ့အေးစက်တောင့်တင်းနေတဲ့ နှလုံးသားတစ်ခုလုံး နွေးထ...