အပိုင်း (၁၀)

257 6 0
                                    

နှိုင်းနွယ် POV

ကျွန်မရဲ့ ကား စိုစိမ့်စိမ့် ကတ္တရာလမ်းမပေါ်မှာ တရွှေ့ရွှေ့ခုံမောင်းလို့နေတယ်။ မိုးရေတွေက ကမ္ဘာမြေကြီး ကို သန့်စင်စေသလားပဲ မိုးရွာပြီးပြီ ဆိုရင် စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ လန်းစမ်းနေတဲ့ ပန်းပွင့်တွေ၊ ပျော်မြူးနေတဲ့ ငှက်ကလေးတွေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကျွန်မရဲ့ ကား စိုစိမ့်စိမ့် ကတ္တရာလမ်းမပေါ်မှာ တရွှေ့ရွှေ့ခုံမောင်းလို့နေတယ်။ မိုးရေတွေက ကမ္ဘာမြေကြီး ကို သန့်စင်စေသလားပဲ မိုးရွာပြီးပြီ ဆိုရင် စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ လန်းစမ်းနေတဲ့ ပန်းပွင့်တွေ၊ ပျော်မြူးနေတဲ့ ငှက်ကလေးတွေ . . . ကျွန်မ မိုးရာသီကို ကြိုက်ပါတယ် . . အယ် တဖက်က ကြည့်ပြန်တော့လည်း မကြိုက်ပြန်ဘူး။ မိုးရွာရင် စိုစိစိ မြေကြီး၊ ဗွက်အိုင်၊ အအေးဓာတ်တွေနဲ့ အရမ်းအဆင်ပြေတဲ့ ထဲမှာတော့ မပါဘူးပေါ့။

ယွန်းကတော့ ကျွန်မဘေးမှာ ငြိမ်နေတယ်၊ ပြတင်းပေါက် ဘက်ကို မျက်နှာပေးထားပြီး မျက်လုံးတွေကို မှိတ်ထားတယ်။ သူမကို ကြည့်ရတယ် အရမ်းအေးချမ်းတာပဲ။ ဒါပေမဲ့ ကျွန်မသိပါတယ် သူ ကျွန်မကို ဖုံးကွယ်ထားတဲ့ လွှတ်ဝှက်ချက်တွေ အများကြီး ရှိတယ်ဆိုတာ၊ ကျွန်မလည်း ယွန်းကို ပြောပြဖို့ မတိုက်တွန်းချင်ဘူး။ ဘယ်သူက ကိုယ့်ရဲ့ လွှတ်ဝှက်ချက်တွေကို လွယ်လွယ်နဲ့ ပြောပြချင်မှာလည်း။

ကျွန်မ လမ်းပေါ်ကို ပြန်အာရုံစိုက်လိုက်တယ်။ ယွန်းတို့အိမ်ကို ရောက်တော့မယ်၊ ၂ မိနစ်လောက်ဆက်မောင်းရင် ရောက်ပြီ။ ကျွန်မ စိတ်နည်းနည်းလေး လှုပ်ရှားနေသလိုပဲ၊ ယွန်းအိမ် ဘယ်လိုလေးလည်းဆိုတာ သိချင်တယ်။

အမှန်တိုင်းပြောရရင် ကျွန်မ အခုတလော ထူးဆန်းနေသလိုခံစားရတယ်။ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တွေ ရင်ထဲမှာ ပြည့်နေတယ်၊ ကျွန်မရဲ့ သိစိတ်က လက်မခံချင်ပေမဲ့၊ မသိစိတ်က လက်ခံဖော်ပြနေတယ်။ ပြောရရင် ကိုယ့်ခန္ဓာကိုယ်ကို မသိစိတ်က ထိန်းချုပ်ထားတာမလား။ မသိစိတ်က ၉၀%၊ သိစိတ်က ၁၀% ပေါ့။

Loved One _ GLWhere stories live. Discover now