အပိုင်း (၃)

227 6 0
                                    

ညနေပိုင်းအချိန်လေးမှာ ကောင်းကင်မှ နေမင်းကြီးကတော့ အစွမ်းကုန်တောက်‌ပနေ သည်။ သို့သော် ကမ္ဘာကြီး၏ မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးက မြေပြင်တလင်းမှာတော့ နေမင်းကြီး၏တောက်ပ မှုကို ခံနေရသည်။ ရာသီဥတုက ပူသည့်ကြား တက္ကသိုလ် ပထမနေ့မှာ အလှပြိုင်ကာ လိမ်းထားသည့် မိတ်ကပ်များ၊ ‌ကော်နေအောင်ထောင်ထားသည့် ဆံပင်များ၊ ကျက်သရေရှိရှိ ဝတ်ထားသည့် ရင်စေ့ ဝမ်းဆက်များဟာ နေမင်းကြီးကျေးဇူးဖြင့် ‌ချွေးများနှင့် ရောထွေးလို့သာနေတော့သည်။

ယွန်းတစ်ယောက်တော့ ဒီနေရာမှာကံကောင်းသည်။ မြန်မာစံစံ သနာခါးလေး လိမ်းကာ၊ လက်တိုဝမ်းဆက်လေးသာ ရိုးရိုးလေး ဝတ်ဆင်ထားသည်။

လမ်းဘေးမှာ ဖွင့်ထားသည့်ဆိုင်လေးတွေ၊ သစ်ပင်လေးတွေကြားဖြတ်သွားသည့် ငှက်ကလေးတွေ၊ လမ်းတစ်လျှောက် သွားလာနေသည့် လူများကို ဟိုကြည့်ဒီကြည့်လုပ်ကာ တက္ကသိုလ်ပထမဆုံးရက်ကို ဖြတ်သန်းလာသည့် ယွန်းတစ်ယောက် ခြေလှမ်းလေးတွေ တက်ကြွလို့နေတော့သည်။ လွယ်အိပ်လေးကို ဘေးဘက်မှာ သေသေသပ်သပ် လွယ်ထားပြီး ပါးကွက်ကြားလေးဖြင့် ‌လမ်းလျှောက်လာသည်မှာ ကြည့်လိုက်သူတိုင်း စိတ်အေးချမ်းရသည်။

ဝင်နေကျ ကော်ဖီဆိုင်လေး တစ်ခုထဲဝင်သွားပြီး "‌ကျွန်မရောက်ပါပြီ" ပြောကာ လွယ်ထားသည့် လွယ်အိပ်လေးကို ချိတ်လေးတစ်မှာ ချိတ်ပြီး ဝတ်နေကျဝတ်စုံလေးကို ကောက်စွတ်လိုက်သည်။

Dear Coffee, ယွန်းလုပ်နေကျ part-time job coffee  ဆိုင်လေးပေါ့။ ဒီဆိုင်လေးမှာ လုပ်တာ ၁ နှစ်‌ကျော်ပြီ‌မို့ အားလုံးက ယွန်းကိုဆို ခင်နေကြတာပေါ့။ တစ်ချို့ consumer တွေဆိုရင် ယွန်းကြောင့်ကို တမင်လာကြသည်။ ယွန်းကို ကြောင်ချင်လို့ လာတဲ့ consumer များက ယောင်္ကျားလေးတွေပဲ မဟုတ်၊ မိန်းကလေးများလည်းပါသည်။ ခေတ်လူငယ်ပီပီ ယွန်းတစ်ယောက် လိင်တူ ချင်းချင်း ချစ်ကြိုက်ကြသည်ကို နားလည်သဘောပေါက်ပါသည်။ ဒါပေမဲ့ ယွန်းကတော့ မည်သူ တစ်ဦးတစ်ယောက်ကိုမှ စိတ်ဝင်စားခြင်းမရှိခဲ့ပါ။

"ယွန်းရောက်လာပြီပေါ့ . . . ငါမှာ နင့်ကိုမျှော်နေတာ" ပြောလိုက်သူမှာ ဆိုင်ကယွန်း သူငယ်ချင်း လမင်းသူပင်။ လမင်းမှာ ယွန်းထက် ၃ နှစ်ပိုကြီးသောဆိုင်မှ အမတစ်ယောက် ဖြစ်ပါသည်။ ယွန်းထက်အရပ်ရှည်ပြီး ဆံပင် အတိုလေးနှင့်ပင်။ ကြည့်လိုက်ရင် tomboy ပုံလေးပေါက်သလို သူမကိုယ်တိုင်ကလည်း gay ပင်ဖြစ်သည်။

Loved One _ GLWhere stories live. Discover now