အပိုင်း (၂)

285 9 0
                                    

"နွယ်တို့ ဒီမှာထိုင်လို့ရလား" နွယ့်၏ တည်ငြိမ်ပြီး အေးမြတဲ့ စကားလေးကြားမှာ ယွန်း အသိစိတ်ပြန်ဝင်လာသည်။

"ရှင်-ရှင် . . . ဟု-ဟုတ် ထိုင်လို့ရပါတယ်" ယွန်းစကားအဆုံးမှာ ‌ခုံပေါ်မှာ သူမတင်ထားသမျှ စာအုပ်တွေကို လွယ်အိပ်ထဲ သွန်ထည့်လိုက်ပြီး ကြောင်တောင်တောင် လေးဖြင့် တားဖို့တောင် မမှီလိုက်တဲ့ နွယ်နှင့် နွယ့်သူငယ်ချင်းတွေကို ထားခဲပြီး ရှေ့ဆုံးခုံမှာ သွားထိုင်နေတော့သည်။

နွယ့်မှာတော့ သူမကို လှည့်တောင်မကြည့်ဘဲ ကတော့ကတော့လေး ထွက်သွားတဲ့ ကောင်မလေးကြောင့် ခိုးပြီးတော့ တော့ရယ်မိသား။ အရယ်၊ အပြုံး လုပ်တာရှားတဲ့ နွယ့်ကို ခိုးရယ်နေတာမြင်တဲ့ နွယ့်သူငယ်ချင်းတွေကတော့ နည်းနည်းတော့ အံ့ဩမိတာ အမှန်ပြင်။

နွယ်တို့အတန်းထဲရောက်တော့ အချိန်ကနည်းနည်းစောနေသေးသည်။ နွယ့်သူငယ်ချင်းတွေကတော့ စကားတွေပြော၊ ဟားတိုက်နေကြသော်လည်း နွယ်ကတော့ ရှေ့ဆုံးခုံမှာ တစ်ယောက်ထဲထိုင်နေတဲ့ ကောင်မလေးရှိကို စိတ်ကရောက်ရောက်နေတော့သည်။ မျက်စောင်းလေးကလည်း တစ်ချက်တစ်ချက်ထိုးကြည့်မိသေးသည်။

'နာမည်လေးတောင် မပြောပြသွားဘူး' နွယ်တစ်ယောက်တွေးနေရင်းပဲ အခန်းထဲကို ကျောင်းသားတွေရောက်လာတော့မှာ စာသင်ချိန်နီးပြီ ဆိုတာ သတိထားမိသည်။ သိပ်မကြာပါဘူး အတန်းသင် တီချယ်ဝင်လာပြီး စကားပြောသံတွေ အကုန်တိတ်ဆိတ်သွားတော့ သည်။

"မင်္ဂလာပါ ကလေးတို့ တီချယ့်နာမည်က မြင့်မိုရ်ဦးပါ တီချယ်က အင်္ဂလိပ်စာ ဆရာမပေါ့" ဆရာမဝင်ဝင်ချင်း နှုတ်ဆက်စကားဆိုလိုက်ပြီး အတန်းစလိုက်တော့သည်။ နွယ် ရှေ့ဆုံးတန်းက ကောင်မလေးရှိကို မျက်လုံးပြန်ရောက်သွားတော့ သူမ သူမဘေးက ကောင်မလေးနှင့် စကားပြောနေသည်။ နွယ်တစ်ယောက်ဘာကြောင့်မှန်းမသိပေနဲ့ သူ့စိတ်ထဲ အလိုမကျပေ။ အဲ့လိုနဲ့ စာထဲစိတ်ရောက်‌လိုက် ‌မရောက်လိုက်ဖြင့် သင်လိုက်တာ တစ်မနက်ကုန်သွားတော့သည်။

Loved One _ GLWhere stories live. Discover now