အပိုင်း(၇)

229 10 0
                                    

"🎶အကျွန်ချစ်သည့်ပန်း ဆူးရှိမှန်းသိသော်လည်း🎶
🎶အလွန်မိုက်မိမှန်း အခုမပဲသိတယ်ကွယ်🎶
🎶ချစ်မိခဲ့လို့ ထွေးပွေ့မိမှ🎶
🎶မောင့်အသည်းကို အဆူးစိုက်ဝင်ပြီး🎶
🎶မိန်းမလှအမုန်းရဲ့ သည်ဆူးဒဏ်🎶
🎶သဒ္ဓါပြန်ခံမယ်လေ🎶
🎶သေရွာပါပါစေ နာပါသည်လို့လည်း🎶
🎶မညည်းတော့ပါ🎶"

ဘိုဖြူဆိုထားသည့် မနှင်းဆီ သီချင်းလေး ညည်းကာ ကားလမ်းလေးဘေးက လူသွားလမ်းလေးတိုင်း လျှောက်လာသည့် ယွန်းတစ်ယောက် ဒီနေ့တော့ တက်ကြွ လို့နေတော့သည်။ ‌တိမ်ကင်းစင်သည့် မနက်ခင်း ကောင်းကင်ပြင်မှာတော့ နေမင်းကြီးဟာ လှလှပပ ထွန်းလင်းနေသည်။ လေပြေညှင်းလေးများလည်း တိုက်ခက်သောကြောင့် မပူမအေးနှင့် ရာသီဥတုလေးသာယာနေတော့သည်။

၂၀၂၃ ခုနှစ်တောင် ရှိပေဆိုပေမဲ့ ယွန်းမှာ အခုခေတ်ကလေးတွေနားထောင်သည့် သီချင်းများကို နားမထောင်တက်၊ သီချင်းအေးအေးလေးတွေ ဆိုရင်တော့ နားထောင်မိသော်လည်း ဘေးနားက ကောင်မလေးတွေ ရယ်ရပါတယ်ဆိုပြီး လာပြသည့် TikTok သီချင်း 'ငါလည်းအိပ်ချင်ပြီ နင်လည်းအိပ်တော့လေ' ကိုတော့ ယွန်းစိတ်ထဲ ဘယ်လိုမှ နားထောင်ရတာ အဆင်မပြေပေ။

အရင်ခေတ် အဆိုတော်တွေဖြစ်သည့် ဘိုဖြူ၊ စိုင်းထီးဆိုင်၊ ထူးအိမ်သင် သီချင်းများကမှ စာသားတိုင်းမှာ အနှစ်သာရ အပြည့်ပါသည် ဟုထင်မိပါသည်။ ဘိုဖြူဆိုထားသည့် လင်းခေးအဝင်ဆိုရင် တောင်တန်းဒေသလေး အကြောင်းကို စာဖွဲ့ကာ ရေးသားထားသည်မှာ မြင်ယောင် ကြည့်လျင် အေးချမ်းမှု အတိပင်ဖြစ်သည်။

ယွန်း လမ်းလျှောက်လာရင်း တက္ကသိုလ်ကျောင်းတော် ကြီးတောင် မြင်နေရပြီ။ အခုဆိုရင် ကျောင်းတက်တာ တစ်လ ပြည့်တော့မည်၊ နွယ်တို့နှင့် လည်း ခင်မင်ရသည့် အတွက် ဒီနှစ်ကတော့ ယွန်းအတွက် အပျော်ရဆုံး နှစ်လို့ ဆိုရပေမည်။

"ယွန်းရေ စောင့်ပါအုန်း" ယွန်းမှာ ကျောင်းထဲဝင်မို့ရှိသေး နောက်က လှမ်းခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဝသုန်ဖြိုး ပင်။ နောက်က ပြေးလိုက်လာသည့် ဝသုန် ကြောင့် ‌ယွန်း လျှောက်နေရာမှ ရပ်ပြီးစောင့်လိုက်သည်။

Loved One _ GLWhere stories live. Discover now