ညိုမှိုင်းနေသည့် ကောင်ကင်ကြီး နှင့် ကျဆင်းလာသည့် မိုးသီးမိုးပေါက်လေးတွေကြောင့် ကမ္ဘာမြေကြီး၏ ပတ်ဝန်းကျင်တစ်ခွင့် အေးစိမ့်လို့နေတော့သည်။ မိုးစက်များ မြစိမ်းရောင် သစ်ရွက်လေးတွေပေါ်က ကျဆင်းလာတိုင်း ရင်ထဲတွင် လန်းဆန်းမှုကို ခံစားရစမြဲပါ။ မိုးရေက ကမ္ဘာမြေကြီးကို သန့်စင်ပေးသကဲ့လားလို့ ထင်ရအောင်ကို မိုးရွာလိုက်တိုင်း အပင်များ၏ စိမ်းချယ်ရောင်ဟာ ပတ်ဝန်းကျင် တစ်ဝိုက် စိမ်းလန်းလို့နေသည်။
သာယာညိမ့်ညောင်းသည့် စန္ဒယားသံလေးနှင့်အတူ မိုးသံတစ်ပြောက်ပြောက်တို့ဟာ ကော်ဖီဆိုင်လေးအတွင်းရှိ လေထုထဲတွင် အတူကူးခက်နေကြသည်။ ကော်ဖီနံ့ သင်းသင်းလေး၊ အနွေးဓာတ်ငွေ့ငွေ့လေး၊ ပန်းနံ့မွေးမွေးလေးပါ အပါ ကော်ဖီဆိုင်လေး၏ အေးချမ်းမှုကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးလို့နေကြသည်။
ယွန်းတို့ အလုပ်လုပ်နေကျ ကော်ဖီဆိုင်လေး ဒီလို အချိန်ဆိုရင် ဆိုင်တွင်း လူပါးလို့နေသည်။ ယွန်း နွယ်ထိုင်နေကျ ခုံလေးကို ကြည့်လိုက်တော့ သူမ အဲ့ခုံလေးမှာ ခုထိထိုင်နေတုန်း၊ ကွန်ပျူကို မျက်လုံးက မခွာ၊ လက်သွယ်သွယ်လေးများက keyboard ပေါ်သွပ်လက်ပေါ့ပါးစွာ ရွေ့လျားနေကြသည်။
ယွန်း တိုင်ကပ်နာရီကို မော့ကြည့်မိတော့ ၆:၂၀ တောင်ဖြစ်နေပြီ မကြာခင်ဆိုင် သိမ်းရတော့မဲ့ အချိန်ကိုရောက်တော့မည်။ ရှိနေသည့် လူလက်ကျန်ကလည်း ဆိုင်ထဲမှ စတင်ထွက်ခွာစပြုနေကြလေပြီး၊ နွယ်ကို တစ်ဖန်ပြန်ကြည့်မိတော့ သူမလည်း ကွန်ပျူတာကို ခေါက်ပြီး ကွန်ပျူတာ အိပ်ထဲပြန်ထည့်ကာ ပစ္စည်းတွေ သိမ်းနေသည်ကို တွေ့ရသည်။
'နွယ်တောင် အိမ်ပြန်တော့မှာပဲ' ယွန်း သံပြင်းရေးရေးလေး ချလိုက်မိသည်။ ယွန်း နွယ့်ရှိကနေ မျက်လုံးလွှဲလိုက်ကာ ဆိုင်သိမ်းဖို့ ပြင်နေကြတဲ့ အမလမင်းနှင့် ဟန်နီတို့ကို ကူဖို့ပြင်ရသည်။ ခါးမှာပတ်ထားတဲ့ ရှေ့ဖုံးလေးကို ချွတ်ကာ နေတကျပြန်ချိတ်လိုက်ပြီး ဆိုင်ခန်းသန့်ရှင်းဖို့ သန့်ရှင်းရေး ပစ္စည်းတချို့ကို ထုပ်လိုက်သည်။ လိုအပ်တဲ့ ပစ္စည်းတွေယူပြီး အပြင်ထွက်လာတုန်းရှိသေး
YOU ARE READING
Loved One _ GL
Romanceလှတယ် နွယ်ရယ် သိပ်ကိုလှတယ်၊ တန်ဖိုးမဖြတ်နိုင်အောင်လှတယ် အသက်ရှူမဝနိုင်အောင်လှတယ်။ 'လှလွန်းလို့ ယွန်းနဲ့ မထိုက်တန်သလိုခံစားရတယ်' _________________________________________________ နှိုင်းခနွယ်_-_ကျွန်မ ရဲ့အေးစက်တောင့်တင်းနေတဲ့ နှလုံးသားတစ်ခုလုံး နွေးထ...