Unicode..
မျက်စိရှေ့တွင် မြင်နေရသည့် အဆောက်အအုံသည် တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသည့် ပုံစံမျိုးဖြစ်နေသည်။အဆောက်အအုံတို့တွင် အဆင့်ဆင့်နှင့် အချွန်အတက်များပါသည်။ထိုနေရာတဝိုက်ကို အုတ်နှင့် တံတိုင်းခတ်ထားသည်။မိုင်ရိုစ်မှာ ထိုနေရာကို အပေါ်စီးက မြင်နေရသည်။မည်သည့်နေရာဖြစ်သည်ဟု စဉ်းစားလိုက်သော်လည်း ဦးနှောက်ထဲတွင် ဗလာကျင်းနေသည်။
မိုင်ရိုစ်၏ ခန္ဓာကိုယ်ပေါ်က အဝတ်အစားသည်လည်း အပေါ်က လက်ရှည်နှင့် အောက်ကလည်း အရှည်ဖြစ်သည်။ထိုအချိန်မှာပင် မိုင်ရိုစ် အိပ်ယာက နိုးလာသည်။ထိုအိပ်မက်ကို မက်လာသည်မှာ သူ(မ) သိတတ်စ အရွယ်တည်းက ဖြစ်သည်။တစ်ခါတစ်ရံ အိပ်မက်ထဲတွင် မီးတောက်တွေကို မြင်မက်ရသည့်အချိန်တွင် လန့်နိုးတတ်သည်။ခါတိုင်းအချိန်များတွင်မူ အခုလိုမျိုး အိပ်မက်များသာ ဖြစ်သည်။
မိုင်ရိုစ်သည် အိပ်ယာပေါ်က ထလိုက်ပြီး လျှောက်သွားကာ လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ထို့နောက် လိုက်ကာ၏ အောက်တွင် အခန်း၏ တဖက်ခြမ်းကို မှန်နှင့် အပြည့်ကာရံထားသည်။သူ(မ)သည် ထိုမှန်ကိုပါ ဖွင့်လိုက်သည်။
လန်ဒန်မြို့၏ နေရောင်သည် မိုင်ရိုစ်၏ မျက်နှာပေါ်ကို ဖျော့တော့စွာ ဖြာကျနေသည်။မျက်လုံးကို မှိတ်ကာမျက်နှာကို မော့လိုက်ပြီး အသက်ကို ရှူသွင်း လိုက်သည်။သန့်ရှင်း လတ်ဆက်သော လေထုကြောင့် မိုင်ရိုစ် ပါးပေါ်ရှိ ပါးချိုင့်တို့မှာ အတွင်းထဲသို့ ခွက်ဝင်သွားလေသည်။
ကော့ညွတ်နေသော မျက်တောင်တို့က အညိုဖျော့ရောင် မျက်ဝန်းတွေကို ဖုံးကွယ်ထားလေသည်။ပခုံးကျော်ကျော်လောက်ရှိသော ဆံပင်ကို ကျွမ်းကျင်စွာ ထုံးလိုက်သည်။ထို့နောက် အကျောလျှော့ပြီး လေ့ကျင့်ခန်းတစ်ချို့ကို လုပ်နေလိုက်သည်။အချိန်အတန်ကြာပြီးသည့်နောက် ရေချိုးအဝတ်အစားလဲပြီး ထမင်းစားခန်းသို့မနက်စာ စားရန် သွားသည်။မိုင်ရိုစ်ရောက်သည့်အချိန်တွင် မစ္စတာကသရင်းနိုဒယ်မှာ ရောက်နှင့်နေပြီဖြစ်သည်။" မောနင်း ဖေဖေ"
" မောနင်း သမီးလေး"
မိုင်ရိုစ်လည်း မစ္စတာကက်သရင်းနိုဒယ်ကို နှုတ်ဆက်ရင်း စားပွဲမှာ ထိုင်ပြီး အိမ်အကူဖျော်ထားသော ကော်ဖီကို အရသာခံသောက်လိုက်သည်။ထို့နောက် သူ(မ)၏ အဖေဖြစ်သူကို အကဲခတ်ကြည့်လိုက်သည်။
YOU ARE READING