p - 15

194 11 0
                                    

Unicode..



" မင်းသမီးရယ် ဤနေရာကို ဘာကြောင့် ကြွမြန်းလာရပါသလဲ။နေရောင်ခကုန်ပါ့မယ်"

လျှောက်လှမ်းလာပြီး ပြောလိုက်သော မဏီ၏ အပြောကြောင့် ပန်သု ပြုံးလိုက်မိသည်။

"ဒီလောက်ကတော့ မမူပါဘူး"

ကိုယ့်ချစ်သူအတွက်ပဲ ဆိုသည့် စကားကိုတော့ စိတ်ထဲကသာ ရေရွတ်လိုက်သည်။

" ဘာအကြောင်းကိစ္စများ ရှိလို့ပါလဲ မင်းသမီး.."

" မွန်းတည့်စာ သုံးဆောင်ရအောင် လာပို့တော်မူတယ်"

မဏီသည် ကျေနပ်စွာ ပြုံးမိမလို ဖြစ်ပြီးမှ မျက်နှာ ပြန်တည်လိုက်ရသည်။

" ကျေးဇူးကြီးမြတ်လှကြောင်းပါ"

" ဘုရင်မင်းမြတ် ကြွချီတော်မူလာပါတယ်"

အထိန်းတော်၏ အသံကြောင့် အကုန်လုံး ခေါင်းငုံ့အရိုအသေ ပေးလိုက်ကြသည်။

' အစ်ကိုတော်က ဘာလို့ ဤနေရာကို လာရသလဲ..?'

ပန်သုမှာ ထိုသို့တွေးပြီး မျက်မှောင်ကို ကြုံ့လိုက်သည်။

" ညီမတော်က စစ်ရေးလာလေ့ကျင့်တာလားကွယ့်"

" မဟုတ်ပါဘူး အစ်ကိုတော် "

ဘုရင်မင်းမြတ်မှာ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်သည့်အခါ စားတော်အုပ်တွေကို တွေ့လိုက်ရသည်။

" ဘာမှ မဟုတ်ပါဘူးကွယ့် လမ်းကြုံလို့ ခဏဝင်လာတာ လုပ်စရာရှိတာလုပ်"

" မှန်လှပါဘုရား"

ဘုရင်မင်းမြတ်က ထိုသို့မိန့်ကာ ပြန်ပြီး ကြွချီသွားသည်။

ပန်သုသည် မဏီအနားကို တိုးကပ်လိုက်ပြီး

" အစ်ကိုတော်က ဒီကို ဘာလို့ လာတယ်လို့ မဏီထင်လဲ။တစ်ခါမှ မလာဖူးပါဘူး"

" တစ်ယောက်ယောက်ရဲ့ ကုန်းတိုက်ခြင်းတော့ ခံနေရပြီ"

" ဘာကို ဆိုလိုတာလဲ မဏီ"

မဏီက ဘာမှ ပြန်မပြောပဲ သက်ပြင်းသာ ချနေသည်။

" ညကျရင် လာခဲ့ပါ့မယ် မင်းသမီး .. အသားအရေတွေ နေခ‌နေပါ့မယ်။ပြန်ကြွတော်မူပါနော်"

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now