p - 11

173 12 0
                                    

Unicode..


-အေဒီ ၅ရာစု-


" အားးရားး အိပ်လို့ ကောင်းလိုက်တာ"

လက်တွေကို ဆန့်တန်းရင်း အကြောဆန့်ပြီး အိပ်ယာပေါ်လူးလိမ့်လိုက်သည်။မျက်လုံးတို့ကို မဖွင့်နိုင်သေး..။
တင်ပါးအောက်က အိပ်ယာသည် ဘာကြောင့် မာနေရသည်လဲဟု ခဏတော့ တွေးမိသွား၏။သို့သော် အိပ်ချင်သေးသဖြင့် နံရံဘက်ကို တိုးကပ် အိပ်နေလိုက်သည်။

" မင်းသမီးလေး အိပ်ယာက ထဖို့အချိန်ကျပါပြီဘုရား.."

ဟင် .. ဒါ ဘယ်က အသံလဲ?

* ဒေါက်.. ဒေါက် *

" မင်းသမီးလေး..."

အိပ်နေသည်ကို နှိုးနေသဖြင့် ဒေါသ ထွက်လာပြီး မှိတ်ထားသည့် မျက်လုံးတို့ကိုဖွင့်ကာ အိပ်ယာပေါ်က ကုန်းထလိုက်သည်။ကြမ်းပြင်ကို ခြေချလိုက်သည့်အခါ အေးစက်နေသော အထိအတွေ့ကို ခံစားမိသဖြင့် အလန့်တကြား ငုံ့ကြည့်သော် ရှည်လျားသော ထဘီသည် ခြေဖမိုးကိုပင် ဖုံးအုပ်နေသည်။ထိုထဘီကို ကိုင်ကြည့်ရန် လက်ကို လှမ်းလိုက်သည့်အခါ လက်ဝကျယ်ပြီး လက်ဖမိုးထိ အုပ်နေသော အင်္ကျီရှည်ကို တွေ့လိုက်ရာ အလွန်အမင်းအံ့ဩသွားသည်။ထိုအင်္ကျီသည် ပြတိုက်ထဲတွင် ပြသထားသည့် အင်္ကျီမျိုးဖြစ်‌သော်လည်း ဤအရာသည် သစ်လွင်တောက်ပနေပေသည်။

*ဒေါက်.. ဒေါက်*

" မင်းသမီးလေး.."

အပြင်က တံခါးခေါက်သံအဆတ်မပြတ်ထွက်ပေါ်နေသဖြင့် တံခါးကို အလျင်စလို သွားဖွင့်လိုက်သည်။

" ဘယ်လိုဖြစ်၍များ တံခါးကို ခေါက်နေရသလဲ မယ်အုံရဲ့"

ကိုယ်ပြောလိုက်သည့် လေယူလေသိမ်းနှင့် စကားကို ကိုယ့်ဘာသာ ပြန်ကြားပြီး အံ့ဩနေမိသည်။ဒီလိုအသုံးအနှုန်းတွေကို ဘယ်တုန်းက ပြောတတ်သွားပါလိမ့်..?..

" ဟို..မယ်အုံအတင့်ရဲမိသွားပါတယ် ဘုရား.. ဘုရင်မင်းမြတ်အခေါ်တော်ရှိထားသည့်အတွက် လျှောက်တင်ရခြင်းဖြစ်ပါတယ်ဘုရား.."

" ကောင်းပြီ ရေချိုး သန့်စင်ဖို့အတွက် အသင့်ပြင်ဆင်ထားချေ"

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now