p - 5

172 13 0
                                    

Unicode..


နေ့လည်စာ ထမင်းစားပြီး မိုင်ရိုစ်က စာတန်းပြုစုနေသည့်အချိန် နွေသည်လည်း သူ(မ)၏ အခန်းထဲတွင် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်ဆိုသည့် စာအုပ်ကို စိတ်ဝင်တစားဖတ်နေသည်။အခန်း၏ ပြတင်းပေါက်ဘေးတွင် စာရေးစားပွဲကို ချထားသဖြင့် အလင်းရောင် ကောင်းစွာရပြီး လေတဖြူးဖြူးတိုက်ခတ်လာသည်။လေညှင်း၏ ‌စေ့ဆော်မှုကြောင့် ပန်းရနံ့တို့သည် နွေ၏ နှာဖျားထိပ်သို့ ကလူကျီစယ် လာသည့်အတွက် နွေ နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။
  

       ထိုအချိန်တွင် ဘေးချင်းကပ် မိုင်ရိုစ်၏ အခန်းဆီမှာ အဂ်လိပ် သီချင်းသံ သဲ့သဲ့ကို ကြားလိုက်ရသည်။လွမ်းဆွေးဖွယ် စာသား‌ကြောင့် နွေ နားစိုက်ထောင်လိုက်သည်။

🎶 Boys don't kiss Boys don't cry
     ကောင်လေးတွေက မနမ်းဘူး.... မငိုကြွေးဘူး...
     Pa pa don't tell me all your lies
     ဖေဖေ့ရဲ့ အလိမ်အညာစကားတွေကို ကျွန်တော့်ကို
     မပြောပါနဲ့...
     I can't keep The pain inside
     ရင်ထဲက နာကျင်မှုတွေကို ကျွန်တော်မခံစားနိုင်ဘူး။
     Tears that don't fall with never dry
      သိမ်းဆည်းထားတဲ့ မျက်ရည်တွေကလည်း         
      ဘယ်တော့မှ ခမ်းခြောက်မသွားဘူး။
      I just wanna lose control
     ကျွန်တော်ဆက်ပြီး ချုပ်ထိန်းမထားချင်တော့ဘူး...။
     Pierce my ears just like a girl
     မိန်းကလေးတွေလိုမျိုး နားဖောက်ချင်တယ်။
     I've got music in my soul
     ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်တွေထဲမှာ သံစဉ်တွေရှိတယ်။
     I can't live myself anymore
     ဖေဖေပုံသွင်းထားတဲ့ ဘဝကြီးထဲမှာ ကျွန်တော်
     ဒီထက်ပိုပြီး မနေနိုင်တော့ဘူး..။
     I don't mean any harm
     ဖေဖေ့ကို နာကျင်စေဖို့ ကျွန်တော် မရည်ရွယ်ပါဘူး။
     Don't pull the smoke alarm
     ကျွန်တော့်ကို သတိမပေးပါနဲ့
     It's a different time now
     အခုက ခေတ်ပြောင်းသွားပါပြီ။
     So open up your mind
     အဲတာကြောင့် ဖေဖေ့ရဲ့ အတွေးတွေကို ပြောင်းလဲ
     လိုက်ပါ။
     I you really knew it all
    တကယ်လို့ ဖေဖေသာ ကျွန်တော့်ကို နားလည်လက်ခံ
    လို့ရှိရင်...
    I wouldn't have to sing this song
    ဒီသီချင်းကို ကျွန်တော်ဆိုစရာ အကြောင်းမရှိဘူး..
    But here we are on the living room couch
    ကျွန်တော်တို့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်နေတုန်း  
     လေး.
    There's something we should talk about
     ကျွန်တော်တို့ ဆွေးနွေးကြရအောင်
    Pa pa don't break the china
    Pa pa don't break the glass
    ဖေဖေ ပန်းကန်တွေ ခွက်တွေကို မခွဲပစ်ပါနဲ့...🎶
    

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now