p - 4

187 13 0
                                    

Unicode..

နွေတို့နှစ်ယောက် နန်းတော်ရာဟု ခေါ်သော ကုန်းမြေမို့မို့တို့ကို ငေးကြည့်လမ်း‌လျှောက်နေရင်း နွေက အသံဖျော့ဖျော့လေးနှင့်

" အဝမှာတွေ့ခဲ့ရတဲ့ မှတ်တိုင်က ၂၀၁၆ခုနစ်မှာ  ယူနက်စကို ကမ္ဘာအမွေအနှစ်ဝင်ခဲ့တဲ့ မှတ်တိုင်ကြီးလေ ဒီနေရာက ကုန်းအမှတ်၁၇ပေါ့"

မိုင်ရိုစ်မှာ အုတ်အပိုင်းအစတို့ကို လက်နဲ့ ဖွဖွထိတွေ့ရင်း

" ဘာကြောင့်မှန်းမသိဘူး အန်တီရယ် ဝမ်းနည်းလိုက်တာ"

နွေလည်း တူတူပဲဆိုတာ မပြောဖြစ်ခဲ့ပါ။မိုင်ရိုစ်ဆီက သက်ပြင်းချသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ရင်ထဲတင်းနေသမျှကို ပြေပျောက်စေချင်ဟန်တူသည်။ထို့နောက်မှာ ဆက်ပြီး လျှောက်ကြည့်ကြသည်။

" တစ်ချိန်က တော်တော်ကြီးကျယ် ခန်းနားခဲ့မှာပဲနော်။"

" အွန်းပေါ့ တစ်ချိန်က ပျူတွေဟာ ဟန်လင်းမြို့ဟောင်းကို မြို့တော်တည်ခဲ့ဖူးတယ်လို့ ယူဆကြတယ်။ပျူဆိုတာ အခုတော့ မျိုးတုံးပျောက်ကွယ်နေပြီဖြစ်တဲ့ လူမျိုးစုတစ်ခုပဲလေ။လေ့လာသူတွေကတော့ မြန်မာတွေနဲ့ သွေးနှောပြီး ပျောက်ကွယ်သွားတယ် ပြောကြတယ်။"

မိုင်ရိုစ်က ‌နွေပြောသမျှကို ဖုန်းထဲမှာ လိုက်မှတ်ရင်း တစ်ဖက်က ထီးကို ကိုင်ဆောင်းထားသည်။နွေက လက်ဟန်နဲ့တောင်းသော်လည်း မိုင်ရိုစ်မှာ မသိချင်ယောင်နေသည်။

"ဒါဆို ဟန်လင်းမြို့မှာ ပျူတွေ နေကြောင်းဘယ်လိုသိတာလဲ'

စကားပြောကြရင်း လျှောက်လာကြရာ အမည်မသိ ဝမ်းနည်းမှုကလည်း အနည်းငယ် ပြေလျော့လာသည်။

" ဟန်လင်းမှာ ပျူကျောက်စာသုံးခုကို တူးဖော်ရရှိထားတယ်။တစ်ခုက ပုဂံပြတိုက်မှာရှိပြီးတော့ ခေတ်ဦးပိုင်းမှလို့ထင်ရတဲ့ သင်္ချိုင်းမှတ်တိုင် ကျောက်စာ၊ရှစ်ကြောင်းသာ ကောင်းကောင်းဖတ်နိုင်ပြီး မင်းမိဖုရား အမည်ပါတယ်ဟု ထင်ရတဲ့ ထိပ်မှာ လခြမ်းပုံပါတဲ့ ကျောက်စာ၊ ပျူလုပ်ရုပ်များကို ရုပ်ပြားထုပြီး အရုပ်ဘောင်မှာ စာပါပင်မယ့် ရွာသားတွေ ဓားသွေးလို့ ဖတ်မရတဲ့ ငါးပေလောက် ကျန်သေးတဲ့ ကျောက်ပြားအပဲ့တစ်ခုကိုတွေ့တယ်လေ"

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now