p -18

359 22 2
                                    

Unicode..




ပန်သု၏ နှုတ်ခမ်းဖျားလေးကို ဖိကပ်နမ်းလိုက်သည်။ထိုနောက် နှုတ်ခမ်းထောင့်စွန်းမှ သွေးစို့ဒဏ်ရာလေးသို့..

" တောက်!!  ဒါက ဘယ်လို ဖြစ်နေကြတာလဲ။ သွားစမ်း! ! လူသတ်ကုန်းကို ခေါ်သွားပြီး မီးရှို့သတ်။ဟန်လင်းပြည်သူပြည်သားတွေကို တစ်ယောက်မကျန်ခေါ်ပြီး ကြည့်စေ"

ခမာဘုရင်ရုဒ္ဓမှာ ဒေါသတကြီး ကျိန်းဝါးကာ အာဏာပါးကွပ်သားတို့ကို ရာဇသံပေးလိုက်သည်။

ပန်သုနှင့် မဏီတို့မှာ ကြားလေသွေးမှာ စိုးသည့်အလား တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။

' မဏီရေ မယ်မင်းအချစ်ကြောင့် အေးမြရသလို ခမာဘုရင်ရဲ့ အချစ်ကြောင့် ပူလောင်ရတော့မယ်ကွယ်။ဒါပင်မဲ့ တန်ပါတယ်။ ချစ်ရသူနဲ့ သေအတူရှင်မကွာဆိုတာ နည်းတဲ့ ကုသိုလ်လား.. ဒီလို ဖြစ်ရပ်တွေကို ပြင်ဆင်ခွင်ရှိရဲ့နဲ့။ဘုရင်ရုဒ္ဓကို လက်ထပ်လိုက်ရင် ဒီလို ဖြစ်မှာမဟုတ်မှန်း သိပင်မယ့် ဒုတိယအကြိမ် အခွင့်အရေး ရခဲ့လည်း အတူတူသေရမယ့် လမ်းကိုသာ ရွေးချယ်ခဲ့တယ်။တန်ပါတယ် "

ကြီးမားတုတ်ခိုင်သော အာဏာပါးကွပ်သားတို့သည် ပန်သုနှင့် မဏီကို တစ်ယောက်စီ တရွတ်မဆွဲရုံတမယ် ဆွဲခေါ်သဖြင့် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသော လက်တို့ လွတ်ထွက်သွားလေသည်။မဏီသည် ပန်သုကို စိုးရိမ်သော မျက်ဝန်းတွေနှင့်ကြည့်နေသည်။လူသတ်ကုန်းအနီး ရောက်လာသည့်အခါ တစ်ယောက်တစ်ပေါက်ပြောနေကြသော စကားသံအချို့ကို ပန်သု ကြားလိုက်ရ၏။

" ကျုပ်တို့ မင်းသမီးကို ကျုပ်တို့က ချစ်လိုက်ရတာတော်.. စစ်သူကြီးဆိုလည်း လေးစားပြီးချစ်ခင်တာပဲ။မကြံကောင်းမစည်ရာ မကောင်းဆိုးဝါး ဝင်ပူးနေလို့သာ အမျိုးသမီးချင်း ချစ်စိတ်ဝင်တာပဲဖြစ်မယ်။"

" ဟုတ်ပါ့တော် ဒါကြောင့်လည်း ကျုပ်တို့ ဟန်လင်းပြည်ကြီး ခမာဘုရင် လက်အောက်ကျရောက်တာက.. မိုးနတ်မင်း ဒဏ်ခတ်တာ .."

'ပန်သုအမှားကြောင့်ပါ။အပြစ်မဲ့တဲ့ စစ်သည်တော်တွေရဲ့ အသက်တွေ ဆုံးရှုံးလိုက်ရတာ။အားလုံး ပန်သု အမှားကြောင့်ပါ.. '

You've reached the end of published parts.

⏰ Last updated: Jun 04, 2024 ⏰

Add this story to your Library to get notified about new parts!

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now