Unicode..
ဟန်လင်းနန်းတော်ညီလာခံကျင်းပနေခိုက်တွင်
" ဟောဟဲ ... ဟောဟဲ.."
အရှေ့မြို့ရိုးစောင့် တပ်သားလေးသည် အမောတကော ပြေးဝင်လာသည်။
" တယ် အတင့်ရဲလှချည်လား မောင်မင်းရဲ့'
လက်ဝဲရံအမတ်ကြီး၏ မာထန်ထန်အသံသည် ဦးစွာ ထွက်ပေါ်လာသည်။
" လျှောက်စရာရှိလို့နဲ့ တူရဲ့။ လျှောက်ပါစေ အမတ်ကြီး"
ဘုရင်မင်းမြတ်က ထိုသို့ မိန့်သဖြင့် လက်ဝဲရံ အမတ်ကြီးမှာ ခေါင်းငုံ့သွားသည်။အမတ်ကြီး၏ မဲ့ပြုံးကိုဖြင့် မည်သူမျှ မမြင်လိုက်ပေ။
မြို့ရိုးစောင့်တပ်သားလေးလည်း အမောပြေသွားပုံရပြီး လျှောက်တင်သည်။
" ခမာဘုရင် ရုဒ္ဓဦးဆောင်တဲ့ တပ်ကြီး ချီတပ်လာကြောင်းပါဘုရား"
" အလို!.. ဘယ်လိုများဖြစ်ရတာလဲ ခမာမှာ သူလျှိုလွှတ်ထားတယ်မလား?စစ်သူကြီး မဏီဟန္တီဦးဆောင်တဲ့ မြင်းတပ်ကို မြို့ရိုးနား မရောက်ခင် လွှတ်စေ! မြို့ရိုးပေါ်ကနေ မြားမိုးရွာစေပြီး မြို့ရိုးနားနီးရင် ခြေလျင်တပ်ကို လွှတ်စေ!"
" အမိန့်အတိုင်းပါ ဘုရား"
...
စစ်ပွဲအတွက် ပြင်ဆင်နေသည့် မဏီကို ပန်သုမှာ ချပ်ဝတ်တန်ဆာတွေ ကူဝတ်ပေးရင်း မျက်ရည်တို့ ကျဆင်းလာသည်။
" ဘာလို့ ငိုနေရတာလဲ အချစ်ရယ်.."
" ဘာလို့မှန်းမသိဘူး စိတ်တွေ လေးနေတယ် "
မဏီသည် ပန်သု မျက်နှာနုနုပေါ်က ပုလဲမျက်ရည်တွေကို ဖွဖွ သုတ်ပေးနေသည်။
" စိတ်မပူနဲ့နော် ဒီမျက်နှာနုနုလေးကို နမ်းဖို့ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့မယ်"
" အို မဏီကလည်း.."
မျက်နှာနုနုလေးသည် ကမ္ဗလာရောင် ရှက်သွေးဖြာသွားသည်။
" ဒါဆို မဏီသွားတော့မယ်"
" အစစအရာရာ ဂရုစိုက်နော်"
မဏီက ခေါင်းတစ်ချက်ညိတ်ပြပြီး နောက်မလှည့်ကြည့်စတမ်း ထွက်သွားသည်။
YOU ARE READING